18 November 2017

မွတ်စလင်ဟက်ကာအဖွဲ့က IS အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲ

6:43 pm - By Unknown 0

ဇူလိုင် ၁၈၊ ၂၀၁၇
M-Media

width=696

– IS အကြမ်းဖက်အဖွဲ့၏ ၀ါဒဖြန့်ကွန်ယက်များဖြစ်သော ဆိုရှယ်မီဒီယာအကောင့်များနှင့် ၀ဘ်ဆိုက်များကို ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ဟက်ကာများက စုပေါင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး တိုးတက်မှုများ ရှိနေသည်ဟု သိရသည်။

အီရတ်ဟက်ကာအဖွဲ့ Daeshgram ဦးဆောင်ကာ တိုက်ခိုက်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့က လူသစ်စုဆောင်းမှုများပြုလုပ်ကာ ကြေငြာချက်များ ထုတ်ပြန်နေသည့် အဓိက၀ဘ်ဆိုက် Amaq ကို ယခုရက်ပိုင်းအတွင်း ဖြုတ်ချနိုင်ခဲ့သည်။

Daeshgram အဖွဲ့နှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက မိမိတို့အဖွဲ့မှာ အင်တာနက်စာမျက်နှာများတွင် IS ၏ တည်ရှိနေမှုကို ဖယ်ရှားရန် ရည်ရွယ်သည်ဟု Mirror Online သို့ ပြောကြားခဲ့သည်။

၎င်းတို့အဖွဲ့မှာ အခြားဝဘ်ဆိုက်များဖြင့် IS အဖွဲ့ဝင်များအား စိတ်ဓာတ်စစ်ဆင်ရေးများလည်း လုပ်ဆောင်နေသည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် သိသိသာသာ အရေးနိမ့်လာခဲ့သည့် IS အကြမ်းဖက်အဖွဲ့မှာ လက်ရှိတွင် အွန်လိုင်းကို အဓိကထား အာရုံစိုက်ကာ ၀ါဒဖြန့်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ျ

Daeshgram အဖွဲ့ကမူ Anonymous ကဲ့သို့ အခြား ဟက်ကာအဖွဲ့များနှင့် ပူးပေါင်းကာ IS အဖွဲ့အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲရန် ကြိုးပမ်းနေသည်။

Ref: Mirror



The post မွတ်စလင်ဟက်ကာအဖွဲ့က IS အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲ appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top