18 November 2017

မွတ်စလင်ဟက်ကာအဖွဲ့က IS အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲ

ဇူလိုင် ၁၈၊ ၂၀၁၇
M-Media

width=696

– IS အကြမ်းဖက်အဖွဲ့၏ ၀ါဒဖြန့်ကွန်ယက်များဖြစ်သော ဆိုရှယ်မီဒီယာအကောင့်များနှင့် ၀ဘ်ဆိုက်များကို ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ဟက်ကာများက စုပေါင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး တိုးတက်မှုများ ရှိနေသည်ဟု သိရသည်။

အီရတ်ဟက်ကာအဖွဲ့ Daeshgram ဦးဆောင်ကာ တိုက်ခိုက်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့က လူသစ်စုဆောင်းမှုများပြုလုပ်ကာ ကြေငြာချက်များ ထုတ်ပြန်နေသည့် အဓိက၀ဘ်ဆိုက် Amaq ကို ယခုရက်ပိုင်းအတွင်း ဖြုတ်ချနိုင်ခဲ့သည်။

Daeshgram အဖွဲ့နှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက မိမိတို့အဖွဲ့မှာ အင်တာနက်စာမျက်နှာများတွင် IS ၏ တည်ရှိနေမှုကို ဖယ်ရှားရန် ရည်ရွယ်သည်ဟု Mirror Online သို့ ပြောကြားခဲ့သည်။

၎င်းတို့အဖွဲ့မှာ အခြားဝဘ်ဆိုက်များဖြင့် IS အဖွဲ့ဝင်များအား စိတ်ဓာတ်စစ်ဆင်ရေးများလည်း လုပ်ဆောင်နေသည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် သိသိသာသာ အရေးနိမ့်လာခဲ့သည့် IS အကြမ်းဖက်အဖွဲ့မှာ လက်ရှိတွင် အွန်လိုင်းကို အဓိကထား အာရုံစိုက်ကာ ၀ါဒဖြန့်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ျ

Daeshgram အဖွဲ့ကမူ Anonymous ကဲ့သို့ အခြား ဟက်ကာအဖွဲ့များနှင့် ပူးပေါင်းကာ IS အဖွဲ့အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲရန် ကြိုးပမ်းနေသည်။

Ref: Mirror



The post မွတ်စလင်ဟက်ကာအဖွဲ့က IS အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲ appeared first on News @ M-Media.

6:43 pm - By Unknown 0

အာဂျင်တီးနားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး ခုတ်မောင်းနေစဉ် ပျောက်ဆုံး

နိုဝင်ဘာ ၁၈၊ ၂၀၁၇
M-Media

width=609

ပျောက်ဆုံးသွားသည့် ARA San Juan ရေငုပ်သင်္ဘော

– ရေတပ်သား အနည်းဆုံး ၄၀ ခန့်ပါဝင်သွားသည့် ရေငုပ်သင်္ဘောတစ်စီးမှာ ပစိဖိတ်သမုဒ္ဒရာအောက်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု အာဂျင်တီးနား ရေတပ်က ပြောကြားလိုက်သည်။

ARA San Juan ရေငုပ်သင်္ဘောဖြစ်ပြီး နိုင်ငံတောင်ပိုင်း Ushuaia မြို့မှ Mar del Plata မြို့ရှိ ရေတပ်အခြေစိုက်စခန်းသို့ ပစိဖိတ်သမုဒ္ဒရာအတိုင်း ခုတ်မောင်းသွားစဉ် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်သည်ဟု ရေတပ်၏ Twiiter စာမျက်နှာတွင် ယမန်နေ့က ရေးသားခဲ့သည်။

အဆိုပါရေငုပ်သင်္ဘောနှင့် ဗုဒ္ဓဟူးနေ့က နောက်ဆုံး အဆက်အသွယ်ရခဲ့သည်ဟု ရေတပ်ပြောရေးဆိုခွင့်ရှိသူ အန်ရစ်ကေး ဘာလ်ဘီက ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ဘာလ်ဘီက ထိုသတင်းကို ငြင်းဆိုခဲ့သည်။ ဆက်သွယ်ရေးပြဿနာကြောင့်သာ အဆက်အသွယ်မရတော့ခြင်ဖြစ်ပြီး ပျောက်ဆုံးသည်မဟု မယူဆကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော်လည်း သင်္ဘောပေါ်တွင် လိုက်ပါသွားသူများထဲတွင် မည်သူကမှ ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများကို ဆက်သွယ်မှု မရှိသောကြောင့် ရေငုပ်သင်္ဘောအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

Ref: Aljazeera



The post အာဂျင်တီးနားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး ခုတ်မောင်းနေစဉ် ပျောက်ဆုံး appeared first on News @ M-Media.

6:42 pm - By Unknown 0

ကမ္ဘာ့ပထမဆုံး ကျောက်ကပ်အတု လာမည့် ၂ နှစ်အတွင်း အစားထိုးကုသနိုင်မည်

နိုဝင်ဘာ ၁၈၊ ၂၀၁၇
M-Media

width=575

– အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့ ပထမဆုံး ကျောက်ကပ်အတုကို ဖန်တီးနိုင်ခဲ့ပြီး ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အစားထိုးတပ်ဆင်ပေးနိုင်တော့မယ်လို့ သိရပါတယ်။

ကျောက်ကပ်မကောင်းသူတွေဟာ အစားထိုးနိုင်ဖို့အတွက် နှစ်များစွာ စောင့်ရလေ့ရှိပြီး အဲဒီအတောအတွင်းမှာ ကျောက်ကပ်ဆေးပြီး နေထိုင်ရပါတယ်။ ဒါပေမယ့် ကျောက်ကပ်လဲလှယ်ခြင်းမပြုဘူးဆိုရင် ကျောက်ကပ်ဆေးပြီး အသက်ရှင်နေထိုင်နိုင်တဲ့ သက်တမ်းဟာ ၅ နှစ်ထက် မပိုပါဘူး။

ကွယ်လွန်သူတွေ၊ ဒါမှမဟုတ် အသက်ရှင်သူတွေထဲက အလှူရှင်တွေရဲ့ ကျောက်ကပ်ကို အစားထိုးရမှာလည်း တစ်ရှူးမတူညီမှုတွေ ရှိတတ်တာကြောင့် လူတိုင်းအတွက် အဆင်မပြေပါဘူး။

ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ ကျောက်ကပ်အတုဟာ ဒီပြဿနာတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

“မိခင်သဘာဝတရားကြီးရဲ့ နှစ်သန်းပေါင်း ၆၀ လောက်ရှိတဲ့ သုတေသနကို ကျွန်တော်တို့ ခုန်ပျံကျော်လွှားနိုင်ခဲ့ပြီး ဓာတ်ခွဲခန်းထဲမှာ ကျောက်ကပ်ဆဲလ်တွေကို ဖန်တီးကာ ရှင်သန်နေတဲ့ဆဲလ်တွေအတွက် ဇီဝသန့်စင်စက်ရုံအဖြစ် ကြီးထွားစေခဲ့ပါတယ်” လို့ တီထွင်မှုမှာ ပါဝင်ခဲ့တဲ့ ပညာရှင် ဖစ်ဆဲလ်က ပြောကြားခဲ့ပါတယ်။

ခန္ဓာကိုယ်ထဲကနေ စွန့်ပစ်ရမယ့်ပစ္စည်းနဲ့ စုပ်ယူရမယ့် အဟာရဓာတ်တွေကို ကျောက်ကပ်အစစ်လို ခွဲခြားနိုင်တာကြောင့် အဲဒီ ကျောက်ကပ်အတုကို Santa Claus System လို့ အမည်ပေးထားပါတယ်။

ကျောက်ကပ်အတုမှာ နာနိုနည်းပညာသုံး မိုက်ခရိုချစ်ပေါင်းများစွာ ပါဝင်ပြီး နှလုံးကနေ လှုပ်ရှားပေးမှာဖြစ်ပါတယ်။ အစားထိုးရာမှာလည်း သာမန် ခွဲစိပ်မှုနဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သွေးထဲက အဆိပ်အတောက်ဖြစ်စေမယ့် ပစ္စည်းတွေကိုလည်း ဒီကျောက်ကပ်အတုက စစ်ချပေးနိုင်ပါလိမ့်မယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေက အခု ဖန်တီးတီထွင်နိုင်မှုဟာ ကမ္ဘာတစ်ဝှမ်း ကျောက်ကပ်ရောဂါကို ခံစားနေရပြီး ကျောက်ကပ်ဆေးကာ အသက်ရှင်သန်နေရတဲ့ လူသန်းပေါင်းများစွာအတွက် မျှော်လင့်ချက်ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လတ်တလော ဓာတ်ခွဲအတွင်းမှာသာ စမ်းသပ်ရသေးပြီး လာမယ့် ၂ နှစ်ကနေ ၃ နှစ်အတွင်း လူတွေမှာ အစားထိုးကုသနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref: Sharedthis.com

 



The post ကမ္ဘာ့ပထမဆုံး ကျောက်ကပ်အတု လာမည့် ၂ နှစ်အတွင်း အစားထိုးကုသနိုင်မည် appeared first on News @ M-Media.

6:42 pm - By Unknown 0

ကော်ဖီပုံမှန်သောက်ခြင်းက အသည်းရောဂါအန္တရာယ်ကို ကျဆင်းနိုင်

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

width=570

– ကော်ဖီကို ပုံမှန်သောက်သုံးခြင်းဟာ အသည်းရောဂါ ဖြစ်ပွားမယ့် အန္တရာယ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်ကို အခြေခံပြီး ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

လန်ဒန်အခြေစိုက် တော်ဝင်ဆေးဘက်ဆိုင်ရာအဖွဲ့က အခုတစ်ပတ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ဆေးပညာဆွေးနွေးမှုအတွင်းမှာ သုတေသနပညာရှင်တွေက ကော်ဖီနဲ့ အသည်းကျန်းမာရေး ဆက်စပ်နေမှုနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။

အသည်းရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အများစုဟာ သူတို့မှာ အသည်းရောဂါရှိနေတယ်ဆိုတာကို အချိန်လွန်မှ သိကြလေ့ရှိပါတယ်။ ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် လူတွေဟာ အသည်းကို နှလုံးလောက် အလေးမထားကြပါဘူး။

လန်ဒန်က ဆွေးနွေးပွဲမှာ ဥရောပ ၇ နိုင်ငံရဲ့ အသည်းရောဂါဆိုင်ရာ အသင်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ကော်ဖီသောက်သုံးခြင်းအားဖြင့် အသည်းရောဂါအန္တရာယ် ကာကွယ်နိုင်မှုကို ဆွေးနွေးခဲ့ကြပါတ
ယ်။

လန်ဒန်တက္ကသိုလ်ရဲ့ British Liver Trust အဖွဲ့ အကြီးတန်းအကြံပေး ပါမောက္ခ ဂရေမီ အလက်ဇန်းဒါးက ကော်ဖီဟာ အသည်းရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

လေ့လာမှုရလဒ်တွေကို ဆွေးနွေးပွဲမှာ ဖော်ပြရာမှာ ပုံမှန် ကော်ဖီသောက်သုံးသူဟာ ကော်ဖီမသောက်သူထက် အသည်းရောဂါဖြစ်ပွးမှုအန္တရာယ် ၄၀ ရာခိုင်နှုန်းလျော့နည်းတာကို လေ့လာမှုတစ်ခုမှာ တွေ့ရပြီး၊ နောက်တစ်ခုမှာတော့ ၂၅-၇၀ ရာခိုင်နှုန်းအထိ လျော့နည်းတာကို တွေ့ရပါတယ်။

အချို့လေ့လာမှုတွေမှာ ကော်ဖီသောက်သုံးမှုနဲ့ နာတာရှည် အသည်းရောဂါ ဆက်စပ်မှုကို အဓိကထားခဲ့ပြီး ကော်ဖီမသောက်သူတွေဟာ ပုံမှန်သောက်သုံးသူတွေထက် နာတာရှည်အသည်းရောဂါဖြစ်နိုင်ချေ ၂၅-၃၀ ရာခိုင်နှုန်းအထိ များပြားပါတယ်။ ကော်ဖီကို ခုံခုံမင်မင်သောက်သုံးသူတွေကတော့ ဒီရောဂါဖြစ်ပွားမှု ၆၅ ရာခိုင်နှုန်းလောက်အထိ လျော့နည်းတယ်လို့ ဆိုပါတယ်။

အသည်းရောဂါနဲ့ ကော်ဖီ ဆက်နွယ်မှုနဲ့ပတ်သက်ပြီး အခုလေ့လာမှုဟာ ကနဦးအဆင့်သာ ရှိသေးပြီး နောက်ထပ် အသေးစိတ်ကျတဲ့ လေ့လာမှုတွေ ထပ်လုပ်ဖို့လိုတယ်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

Ref : Medical News Today

The post ကော်ဖီပုံမှန်သောက်ခြင်းက အသည်းရောဂါအန္တရာယ်ကို ကျဆင်းနိုင် appeared first on News @ M-Media.

6:42 pm - By Unknown 0

အွမ္မရာဟ်ဈေးကွက်ကို ကာမိရန် ဆော်ဒီတွင် ကုမ္ပဏီ ၇၀၀ ခန့် လိုအပ်

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

width=540

– ၂၀၂၀ ပြည့်နှစ်တွင် ဟဂ်ျနှင့် အွမ္မရာဟ်ဘုရားဖူးခရီးသွား သန်း ၃၀ ရှိရမည်ဆိုသည့် ဆော်ဒီ၏ ရည်မှန်းချက် ပြည့်မီရန်အတွက် ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများကို ၇၀၀ အထိ တိုးချဲ့ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

လက်ရှိတွင် ဆော်ဒီ၌ ဟဂ်ျနှင့် အွမ္မရာဟ်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီမှာ ၄၈ ခုရှိပြီး နိုင်ငံလုံးဆိုင်ရာ ဟဂ်ျနှင့်အွမ္မရာဟ်ကော်မတီ အကြီးအကဲ မာရ်ဝမ် ရှာဘန်က ကုမ္ပဏီများကို ထပ်မံတိုးချဲ့ရမည်ဖြစ်ကြောင်း၊ ဟဂ်ျနှင့် အွမ္မရာဟ်ခရီးစဉ်များကို စီစဉ်ပေးမှုမှာ အမြင်တွင် လွယ်ကူသော်လည်း လက်တွေ့တွင် ခက်ခဲကြောင်း ပြော
ကြားခဲ့သည်။

“ဒီဘုပ်ငန်းဟာ ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးတွေထဲက တစ်ခုပါ။ ဒါပေမယ့် ဒါဟာ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေး၊ လုံခြုံရေးကိစ္စတွေနဲ့ ဆက်စပ်နေပါတယ်” ဟု ရှာဘန်က ဆိုသည်။

ကော်မတီအဖွဲ့ဝင် အိုဆာမာ ဖီလာလီက လွန်ခဲ့သည့် ၁၈ နှစ်က အွမ္မရာဟ်ကုမ္ပဏီ ၁၈၀ ခန့် ရှိရာမှ လက်ရှိတွင် ၄၈ ခုသာ ရှိတော့ကြောင်း၊ ၀န်ဆောင်မှုပေးရာတွင် အွမ္မရာဟ်လုပ်ငန်းကို ထိခိုက်စေသည့် အမှားအယွင်းများ ရှိခဲ့သောကြောင့် အချို့ကုမ္ပဏီများကို ရပ်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဆော်ဒီက လျာထားသည့် အွမ္မရာဟ်အစီအစဉ်မှာ ယခင်ကထက် ၇၀ ရာခိုင်နှုန်းအထိ ခြားနားပြီး ဟိုတယ်ငှားခြင်း၊ ခရီးသွားလာခြင်းတို့အတွက် အေးဂျင့်များကို မှီခိုစရာ မလိုတော့ပေ။

“ပြီးခဲ့တဲ့ အွမ္မရာဟ်ရာသီမှ ဘရားဖူးခရီးသည် ၁.၆ သန်း လာရောက်ခဲ့ပြီး ၂၀၂၀ အမျိုးသားပြုပြင်ပြောင်းလဲရေးစီမံကိန်း (NTP) အရ ကျွန်တော်တို့အနေနဲ့ ဘုရားဖူး ၁၅ သန်းအထိရောက်ဖို့ လိုပါတယ်။ ၂၀၃၀ အရောက်မှာ သန်း ၃၀ အထိ ဖြစ်လာနိုင်ပါတယ်” ဟု ဖီလာလီက ဆိုသည်။

ကော်မတီ၏ ဒုတိယဥက္ကဌ ဟာဆန် ကာဒီက လက်ရှိတွင် အတွေ့အကြုံရှိသော ကုမ္ပဏီ ၄၈ ခုရှိပြီး ကနဦးအတည်ပြုချက်နှင့် လိုင်စင်များရရှိပါက ၇၀၀ အထိ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မှန်ကန်သည့် အေးဂျင့်များ၊ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအသင်း (IATA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ ဖြစ်ရန် လိုအပ်ပြီး အေးဂျင့်များမှာ ဟဂ်ျနှင့် အွမ္မရာဟ် ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ နိုင်ငံလုံးဆိုင်ရာ ဟဂ်ျနှင့် အွမ္မရာဟ်ကော်မတီမှာ နိုင်ငံပေါင်း ၂၀၀
ရှိ အေးဂျင့်များအတွက် အာမခံပေးသင့်ကြောင်း ကာဒီက ထည့်သွင်းပြောဆိုခဲ့သည်။

Ref: Arab News



The post အွမ္မရာဟ်ဈေးကွက်ကို ကာမိရန် ဆော်ဒီတွင် ကုမ္ပဏီ ၇၀၀ ခန့် လိုအပ် appeared first on News @ M-Media.

6:42 pm - By Unknown 0

စက်ရုပ်များ ၀န်ဆောင်မှုပေးသည့် စားသောက်ဆိုင်တစ်ခု ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး ဖွင့်လှစ်

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

width=594

– ဘင်္ဂလားဒေ့ရှ်မှာ စက်ရုပ်တွေ ၀န်ဆောင်မှုပေးတဲ့ ပထမဆုံး စားသောက်ဆိုင်ကို မြို့တော်ဒါကာရဲ့ အဆဒ်ဂိတ်ရပ်ကွက်မှာ ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

Mexwel Robot Restaurant လို့ အမည်ပေးထားတဲ့ အဲဒီစားသောက်ဆိုင်ကို ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်တွေနဲ့ တရုတ်အခြေစိုက် စက်ရုပ်အသင်း HZE Electronic Technology Company တို့ ပူးပေါင်းပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။

လက်ရှိ အဲဒီစားသောက်ဆိုင်မှာ လူသားနဲ့တူညီတဲ့ စက်ရုပ်နှစ်ခုကို ထားရှိပြီး ဆိုင်ဒါရိုက်တာ ရာဟင် ရိုင်ယန်က ဒီအစီအစဉ်ဟာ စားသုံးသူတွေ ပျော်ရွှင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

“စက်ရုပ်တွေဟာ လူသား စားပွဲထိုးတွေထက် ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုမျိုး ပေးပါလိမ့်မယ်။ နောက်ပြီး ဒီဝန်ဆောင်မှုဟာ အသက်အရွယ်မရွေး အထူးသဖြင့် ကလေးတွေအတွက် ပျော်ရွှင်စရာလည်း ဖြစ်မှာပါ” လို့ ရာဟင်က ပြာကြားခဲ့ပါတယ်

စားသောက်ဆိုင်မှာ အစားအသောက်တွေကို ဈေးချိုအောင် စီစဉ်ပေးထားပြီး၊ အဆင့်အတန်းမရွေး စားသုံးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Dhaka Tribune



The post စက်ရုပ်များ ၀န်ဆောင်မှုပေးသည့် စားသောက်ဆိုင်တစ်ခု ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး ဖွင့်လှစ် appeared first on News @ M-Media.

6:42 pm - By Unknown 0

စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံထားရသည့် ဇင်ဘာဘွေသမ္မတ လူမြင်ကွင်းထွက်

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

width=607

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာသည့် မူဂါဘီ

– ဗုဒ္ဓဟူးနေ့က စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည့် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီမှာ ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့မှောက်သို့ ထွက်လာခဲ့သည်။

မြို့တော် ဟာရာရီရှိ Zimbabwe Open တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်လာခြင်းဖြစ်ပြီး လုံခြုံရေးအစောင့်အကြပ် ထူထပ်စွာချထားသည့် မူဂါဘီကို ပရိတ်သတ်များက သြဘာပေးခဲ့ကြသည်။

ဇင်ဘာဘွေစစ်တပ်မှာ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံပိုင် ZBC ရုပ်သံဌာနနှင့် အစိုးရရုံးများကို သိမ်းပိုက်ခဲ့ပြီး မူဂါဘီနှင့် မိသားစုကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ သို့သော်လည်း အာဏာသိမ်းခြင်းမဟုတ်ဟု ပြောဆိုခဲ့သည်။

စစ်တပ်က ZBC မှတစ်ဆင့် ယနေ့ထုတ်ပြန်သော ကြေငြာချက်တွင် စစ်ခေါင်းဆောင်များမှာ မူဂါဘီနှင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေပြီး သမ္မတ မူဂါဘီ၏ ပတ်ဝန်းကျင်တွင်ရှိနေသော ရာဇ၀တ်ကောင်များကို ဖယ်ရှားရာတွင် တိုးတက်မှုများ ရှိနေကြောင်း၊ ရလဒ်ကို တတ်နိုင်သမျှမြန်မြန် နိုင်ငံအား ကြေငြာသွားမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။

Ref: Aljazeera

The post စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံထားရသည့် ဇင်ဘာဘွေသမ္မတ လူမြင်ကွင်းထွက် appeared first on News @ M-Media.

6:42 pm - By Unknown 0

 ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

width=536

‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda)

–  စူးစမ်းလေ့လာရေးစင်တာတွေ ပေါများလားမှု၊ ညဖက် ကောင်းကင်ယံကို စိတ်ဝင်စားမှု မြင့်တက်လာတာနဲ့အတူ ၉ ရာစုနဲ့ နောက်ပိုင်း မွတ်စလင်နက္ခတ္တဗေဒပညာရှင်တွေဟာ ကောင်းကင်ယံကြီးကို ထဲထဲဝင်ဝင် လေ့လာစူးစမ်းခဲ့ကြပြီး ကြယ်နက္ခတ်တွေ၊ ကြယ်စင်စုကြီးတွေအကြောင်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီလို ဖော်ထုတ်မှုတွေထဲမှာ ၁၀ ရာစု ပါရှန် ပညာရှင်ကြီး အဘ်ဒဲလ် ရဟ်မန် အလ်-ဆူဖီ (Abd al-Rahman) လည်း ပါဝင်ပါတယ်။ အလ်-ဆူဖီဟာ တကယ့်ကို တစ်ဖက်ကမ်းခတ်တဲ့ နက္ခတ္တဗေဒသမားကြီးဖြစ်ပြီး သက္ကရာဇ် ၉၆၄ ခုနှစ်မှာ ကမ္ဘာနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda) အကြောင်းကို ရေးသားခဲ့ပြီး ‘တိမ်မရှိတဲ့ ဂလက်ဆီ’လို့ ဖော်ညွှန်းခဲ့ပါတယ်။

ဒီဖော်ပြချက်ဟာ မိမိတို့ရဲ့ ဂလက်ဆီအပြင်ဘက်က အရာတွေအကြောင်းကို ပထမဆုံးဖော်ပြချက်လည်း ဖြစ်ပါတယ်။ အလ်-ဆူဖီဟာ ကြယ်တွေရဲ့ အနေအထား၊ အရွယ်အစား၊ အရောင်အဆင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြယ်အစုအဝေးတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကြယ်အစုအဝေး တစ်ခုချင်းစီအတွက်လည်း ကမ္ဘာကနေ မြင်ရတဲ့ပုံစံ၊ အာကာသကနေ မြင်ရတဲ့ပုံစံ စသဖြင့် နှစ်မျိုး ရေးဆွဲခဲ့ပါတယ်။ အလ်-ဆူဖီဟာ နက္ခတ္တအိမ်မြှောင်နဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေအကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။

ဒီလိုလေ့လာမှုတွေကြောင့် ကြယ်တွေနဲ့ ကြယ်အစုအဝေး တော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒါတွေအတွက် အခုအချိန်အထိ မူရင်းအာရဘီအမည်တွေကို သုံးစွဲနေကြတုန်းဖြစ်ပါတယ်။ မွတ်စလင် နက္ခတဗေဒပညာရှင်ကြီးတွေဟာ ကြယ်တွေကို နာမည်ပေးတာ၊ အကွာအဝေးသတ်မှတ်တာတွေ လုပ်ကြပြီး ဒီကနေ့မှာ ကြယ်တော်တော်များများကို မူရင်း အာရဘီအမည်ရဲ့ အငွေ့အသက်ပါတဲ့ အမည်တွေနဲ့ အခုအချိန်အထိ ခေါ်ဝေါ်နေကြတုန်း ဖြစ်ပါတယ်။

မွတ်စလင်ပညာရှင်ကြီးတွေဟာ ကြယ်ပြမြေပုံတွေကိုလည်း တီထွင်ရေးဆွဲခဲ့ကြပြီး ဒါတွေကို ဥရောပနဲ့ အရှေ့တိုင်းမှာ ရာစုနှစ်နဲ့ချီ အသုံးပြုခဲ့ကြပါတယ်။ အာကာသကောင်းကင်ကို ဖော်ကျူးရေးဆွဲမှုတွေဟာ မွတ်စလင်ကမ္ဘာမှာ အနုပညာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ၈ ရာစုက ဆောက်လုပ်ခဲ့တဲ့ ဂျော်ဒန်နန်းတော်ကြီး ‘ကူဆီရ် အမ်ရာ’ (Qusayr’ Amra) ရဲ့ ရေချိုးခန်းအမိုးခုံးမှာ အင်မတန် လက်ရာမြောက်တဲ့ စက်လုံးသဏ္ဍာန် မိုးကောင်းကင်ပြမြေပုံ ရေးချယ်ထားပါတယ်။ အဲဒီရေးဆွဲထားမှုထဲက အကောင်းပကတိအတိုင်းရှိနေတဲ့ အစိတ်အပိုင်းတွေမှာ ကြယ်အစုအဝေး ၃၇ ခုနဲ့ ကြယ်ပေါင်း ၄၀၀ လောက်ကို တွေ့မြင်နိုင်ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်



The post  ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁) appeared first on News @ M-Media.

6:42 pm - By Unknown 0

ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

width=529

– ရခိုင်ပြည်နယ်က ရိုဟင်ဂျာအမျိုးသမီးတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေအတွက် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီက ရှုတ်ချပြောဆိုလိုက်ပါတယ်။

ကနေဒါက ဗန်ကူးဗားမြို့မှာ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံစဉ် UNHCR ရဲ့ အထူးသံတမန်ဖြစ်တဲ့ ဂျိုလီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာအမျိုးသမီးအားလုံးနီးပါး ရင်ဆိုင်ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို သူ့ရဲ့ စကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ရှုတ်ချခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်က ဆိုပါတယ်။

ဂျိုလီဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေထံကို သွားရောက်လည်ပတ်ဖို့ရှိနေပြီး အသေးစိတ်အချက်အလက်ကို ကြေငြာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း လတ်တလောပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်လို့ ကြာသာပတေးနေ့က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က စွပ်စွဲခဲ့ပါတယ်။

သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ရဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့တာ အဓမ္မကျင့်တာတွေ ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ေ
တွက စွပ်စွဲထားပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မတည်မငြိမ်မှုအတွင်း ရိုဟင်ဂျာ ၆ သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ပါတယ်။

Ref: Reuters



The post ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ appeared first on News @ M-Media.

6:42 pm - By Unknown 0

ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုပြဿနာကို ဒေသတွင်းနိုင်ငံများ ကူညီဖြေရှင်းမည်

နိုဝင်ဘာ ၁၆၊ ၂၀၁၇
M-Media

width=673

မြို့တော် ဟာရာရီရှိ လမ်းမတွင် နေရာယူထားသည့် ဇင်ဘာဘွေစစ်သားများ

– ဇင်ဘာဘွေတွင် စစ်တပ်က သမ္မတ ရောဘတ်မူဂါဘီကို ဖမ်းဆီးကာ တိုင်းပြည်အား ချုပ်ကိုင်မှုကိစ္စနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နိုင်ငံများက ဖြေရှင်းရန် ကြိုးစားနေကြသည်ဟု သိရသည်။

အင်္ဂါနေ့တွင် ဇင်ဘာဘွေစစ်တပ်မှာ နိုင်ငံပိုင်အသံလွှင့်ဌာနနှင့် အစိုးရရုံးများကို သိမ်းပိုက်လိုက်ပြီး သမ္မတ ရောဘတ်မူဂါဘီနှင့် မိသားစုကိုလည်း နေအိမ်အကျယ်ချုပ် ချထားလိုက်သည်။ ထိုအဖြစ်အပျက်မှာ အာဏာသိမ်းသည့်ပုံစံ ဖြစ်နေသော်လည်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက မိမိတို့မှာ အာဏာသိမ်းခြင်းမဟုတ်ဟု ငြင်းဆိုခဲ့သည်။

ထိုကဲ့သို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု ပြေလည်ရန်အတွက် နိုင်ငံအတွင်း အစိုးရတာဝန်ရှိသူ ၂ ဦးနှင့် ကသလစ်ဘုန်းတော်ကြီးတစ်ဦး ပါဝင်သော အဖွဲ့မှာ ဆွေးနွေးနေကြသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အာဖရိကတောင်ပိုင်း ဖွံ့ဖြိုးရေးအဖွဲ့ (SADC) ကလည်း အဖွဲ့ဌာနချုပ်ရှိရာ ဘော့စ်ဝါနာတွင် ဇင်ဘာဘွေပြဿနာအတွက် ဆွေးနွေးရန် စီစဉ်ထားသည်။

SADC ၏ လက်ရှိဥက္ကဌမှာ တောင်အာဖရိကဖြစ်ပြီး သမ္မတ ဂျာကော့ဘ်ဇူးမားက ကာကွယ်ရေးဝန်ကြီးနှင့် လုံခြုံရေးဝန်ကြီးတို့အား အစည်းအဝေးအတွက် စေလွှတ်မည်ဖြစ်ကာ မူဂါဘီ၊ စစ်တပ်မှ ဗိုလ်ချုပ်များနှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးဖွယ် ရှိနေသည်။

Ref: Aljazeera

The post ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုပြဿနာကို ဒေသတွင်းနိုင်ငံများ ကူညီဖြေရှင်းမည် appeared first on News @ M-Media.

6:42 pm - By Unknown 0

Text Widget

Blogroll

Discussion

Powered by Blogger.
back to top