သြဂုတ် ၂၊ ၂၀၁၆
M-Media
– ဆီးရီးယားနိုင်ငံ အစ်ဒလစ်ဘ်မြို့တွင် ယမန်နေ့က ရဟတ်ယာဉ်တစ်စင်းမှ အဆိပ်ဓာတ်ငွေ့များပါဝင်သည့် ဗူးများကို ပစ်ချသွားခဲ့သောကြောင့် လူအများအပြားမှာ ဆေးကုသမှု ခံယူခဲ့ကြသည်ဟု သိရသည်။
အဆိုပါမြို့မှာ သူပုန်များ ထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး ဆီးရီးယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ရာအဒ် ဆာလေဟ်ကမူ ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၈ ဦးနှင့် ကလေးငယ် ၁၀ ဦး အပါအ၀င် လူ ၃၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
“သန်းခေါင်ယံအချိန်မတိုင်ခင် ရဟတ်ယာဉ်တွေက ကလိုရင်းပုလင်းတွေပါဝင်ပြီး ပေါက်ကွဲစေတတ်တဲ့ စည်ပိုင်းတွေ၊ သံဗူးတွေကို ကြဲချခဲ့ပါတယ်။ အဲဒီဓာတ်ငွေ့ရဲ့အနံ့နဲ့ အသက်ရှုကြပ်တာ၊ အသားတွေလောင်တာ၊ မျက်လုံးတွေနီရဲတာ စတဲ့ သဘာဝတွေကြောင့် ဒီဓာတ်ငွေ့ဟာ ကလိုရင်းဓာတ်ငွေ့ဖြစ်တယ်လို့ကျွန်တော်တို့ သံသယရှိပါတယ်” ဟု ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၂ ဦးမှာ စိုးရိမ်ရသည့်အအခြေနေတွင် ရှိနေသည်။
အစ်ဒလစ်ဘ်မြို့ရှိ သူပုန်များကို ဆီးရီးယားအစိုးရတပ်နှင့် ရုရှားတပ်များက တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယမန်နေ့ကလည်း ရုရှား၏ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံခဲ့ရသည်။ ယခုကဲ့သို့ အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုအတွက် ဆီးရီးယားနှင့် ရုရှားဘက်က မည်သည့်မှတ်ချက်မှ ထွက်မလာသေးပေ။
ဆီးရီးယားပြည်တွင်းစစ်တွင် ကလိုရင်းဓာတ်ငွေ့အသုံးပြုတိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ပြီးခဲ့သည့် မေလကလည်း ဆာရာကဘ်မြို့တွင် ထိုကဲ့သို့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
Ref: Aljazeera
Related Posts
- ဆီးရီးယားတစ်နိုင်ငံလုံး အပစ်ရပ်ရေးဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံများ သဘောတူညီ (Feb 12, 2016)
- ဆီးရီးယားအား ကူညီရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန်ဒေါ်လာ ၁၀ ဘီလီယံ ကတိပြု (Feb 6, 2016)
- ဆီးရီးယားဒုက္ခသည် ကလေးများအတွက် ရန်ပုံငွေ ဒေါ်လာ ၁.၄ ဘီလီယံ ရရှိရန် မာလာလာ ကြိုးပမ်းမည် (Feb 1, 2016)
- ဆီးရီးယားငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်တစ်ခုကို လုံခြုံရေးကောင်စီ အတည်ပြု (Dec 19, 2015)
- IS ဒဏ်နှင့် စစ်ဒဏ်ခံ ဆီးရီးယားပြည်သူများအကြား အသားလှိုက်စားသည့် အရေပြားရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ (Dec 15, 2015)
- ဆီးရီးယားအရှေ့ပိုင်းရှိ လေကြောင်းတိုက်ခိုက်မှုအတွင်း အစိုးရစစ်သားများ သေဆုံး (Dec 7, 2015)
- ဆီးရီးယားစစ်ပွဲတွင် ပါဝင်နေသည်ဟု အစ္စရေး ၀န်ခံ (Dec 3, 2015)
- ဆီးရီးယားတွင် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် သေဆုံး (Nov 22, 2015)
- ဆီးရီးယားပြဿနာဖြေရှင်းရေး ဒုတိယအကြိမ် ဆွေးနွေးပွဲ အဖြေမထွက် (Oct 31, 2015)
- ဆီးရီးယားတွင် ရုရှားက Cluster ဗုံးများ အသုံးပြုနေ (Oct 12, 2015)
0 comments:
Note: only a member of this blog may post a comment.