18 November 2017

ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုပြဿနာကို ဒေသတွင်းနိုင်ငံများ ကူညီဖြေရှင်းမည်

6:42 pm - By Unknown 0

နိုဝင်ဘာ ၁၆၊ ၂၀၁၇
M-Media

width=673

မြို့တော် ဟာရာရီရှိ လမ်းမတွင် နေရာယူထားသည့် ဇင်ဘာဘွေစစ်သားများ

– ဇင်ဘာဘွေတွင် စစ်တပ်က သမ္မတ ရောဘတ်မူဂါဘီကို ဖမ်းဆီးကာ တိုင်းပြည်အား ချုပ်ကိုင်မှုကိစ္စနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နိုင်ငံများက ဖြေရှင်းရန် ကြိုးစားနေကြသည်ဟု သိရသည်။

အင်္ဂါနေ့တွင် ဇင်ဘာဘွေစစ်တပ်မှာ နိုင်ငံပိုင်အသံလွှင့်ဌာနနှင့် အစိုးရရုံးများကို သိမ်းပိုက်လိုက်ပြီး သမ္မတ ရောဘတ်မူဂါဘီနှင့် မိသားစုကိုလည်း နေအိမ်အကျယ်ချုပ် ချထားလိုက်သည်။ ထိုအဖြစ်အပျက်မှာ အာဏာသိမ်းသည့်ပုံစံ ဖြစ်နေသော်လည်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက မိမိတို့မှာ အာဏာသိမ်းခြင်းမဟုတ်ဟု ငြင်းဆိုခဲ့သည်။

ထိုကဲ့သို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု ပြေလည်ရန်အတွက် နိုင်ငံအတွင်း အစိုးရတာဝန်ရှိသူ ၂ ဦးနှင့် ကသလစ်ဘုန်းတော်ကြီးတစ်ဦး ပါဝင်သော အဖွဲ့မှာ ဆွေးနွေးနေကြသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အာဖရိကတောင်ပိုင်း ဖွံ့ဖြိုးရေးအဖွဲ့ (SADC) ကလည်း အဖွဲ့ဌာနချုပ်ရှိရာ ဘော့စ်ဝါနာတွင် ဇင်ဘာဘွေပြဿနာအတွက် ဆွေးနွေးရန် စီစဉ်ထားသည်။

SADC ၏ လက်ရှိဥက္ကဌမှာ တောင်အာဖရိကဖြစ်ပြီး သမ္မတ ဂျာကော့ဘ်ဇူးမားက ကာကွယ်ရေးဝန်ကြီးနှင့် လုံခြုံရေးဝန်ကြီးတို့အား အစည်းအဝေးအတွက် စေလွှတ်မည်ဖြစ်ကာ မူဂါဘီ၊ စစ်တပ်မှ ဗိုလ်ချုပ်များနှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးဖွယ် ရှိနေသည်။

Ref: Aljazeera

The post ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုပြဿနာကို ဒေသတွင်းနိုင်ငံများ ကူညီဖြေရှင်းမည် appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top