18 November 2017

အာဂျင်တီးနားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး ခုတ်မောင်းနေစဉ် ပျောက်ဆုံး

6:42 pm - By Unknown 0

နိုဝင်ဘာ ၁၈၊ ၂၀၁၇
M-Media

width=609

ပျောက်ဆုံးသွားသည့် ARA San Juan ရေငုပ်သင်္ဘော

– ရေတပ်သား အနည်းဆုံး ၄၀ ခန့်ပါဝင်သွားသည့် ရေငုပ်သင်္ဘောတစ်စီးမှာ ပစိဖိတ်သမုဒ္ဒရာအောက်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု အာဂျင်တီးနား ရေတပ်က ပြောကြားလိုက်သည်။

ARA San Juan ရေငုပ်သင်္ဘောဖြစ်ပြီး နိုင်ငံတောင်ပိုင်း Ushuaia မြို့မှ Mar del Plata မြို့ရှိ ရေတပ်အခြေစိုက်စခန်းသို့ ပစိဖိတ်သမုဒ္ဒရာအတိုင်း ခုတ်မောင်းသွားစဉ် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်သည်ဟု ရေတပ်၏ Twiiter စာမျက်နှာတွင် ယမန်နေ့က ရေးသားခဲ့သည်။

အဆိုပါရေငုပ်သင်္ဘောနှင့် ဗုဒ္ဓဟူးနေ့က နောက်ဆုံး အဆက်အသွယ်ရခဲ့သည်ဟု ရေတပ်ပြောရေးဆိုခွင့်ရှိသူ အန်ရစ်ကေး ဘာလ်ဘီက ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ဘာလ်ဘီက ထိုသတင်းကို ငြင်းဆိုခဲ့သည်။ ဆက်သွယ်ရေးပြဿနာကြောင့်သာ အဆက်အသွယ်မရတော့ခြင်ဖြစ်ပြီး ပျောက်ဆုံးသည်မဟု မယူဆကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော်လည်း သင်္ဘောပေါ်တွင် လိုက်ပါသွားသူများထဲတွင် မည်သူကမှ ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများကို ဆက်သွယ်မှု မရှိသောကြောင့် ရေငုပ်သင်္ဘောအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

Ref: Aljazeera



The post အာဂျင်တီးနားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး ခုတ်မောင်းနေစဉ် ပျောက်ဆုံး appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top