18 November 2017

ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ

6:42 pm - By Unknown 0

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

width=529

– ရခိုင်ပြည်နယ်က ရိုဟင်ဂျာအမျိုးသမီးတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေအတွက် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီက ရှုတ်ချပြောဆိုလိုက်ပါတယ်။

ကနေဒါက ဗန်ကူးဗားမြို့မှာ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံစဉ် UNHCR ရဲ့ အထူးသံတမန်ဖြစ်တဲ့ ဂျိုလီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာအမျိုးသမီးအားလုံးနီးပါး ရင်ဆိုင်ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို သူ့ရဲ့ စကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ရှုတ်ချခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်က ဆိုပါတယ်။

ဂျိုလီဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေထံကို သွားရောက်လည်ပတ်ဖို့ရှိနေပြီး အသေးစိတ်အချက်အလက်ကို ကြေငြာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း လတ်တလောပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်လို့ ကြာသာပတေးနေ့က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က စွပ်စွဲခဲ့ပါတယ်။

သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ရဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့တာ အဓမ္မကျင့်တာတွေ ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ေ
တွက စွပ်စွဲထားပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မတည်မငြိမ်မှုအတွင်း ရိုဟင်ဂျာ ၆ သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ပါတယ်။

Ref: Reuters



The post ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top