7 May 2017

ကစားသမားများအား သတိထားဝေဖန်ရန် ၀င်းဂါးက နည်းပြများကို တိုက်တွန်း

12:16 pm - By Unknown 0

မေ ၇၊ ၂၀၁၇
M-Media

width=630

– အသင်းနည်းပြများအနေဖြင့် ကစားသမားများကို ဝေဖန်ရာ၌ သတိထားရမည်ဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြောဆိုရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

ယနေ့တွင် တွေ့ဆုံယှဉ်ပြိုင်ရမည့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုက လုခ်ရှော၊ ခရစ်စမောလင်း၊ ဖီးလ်ဂျုံးတို့ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် အာဆင်ဝင်ဂါး၏ ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ဒါမျိုးကို တော်တော် ဆိုးဆိုးဝါးဝါး အခြေအနေမျိုးတွေမှာ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဂရုတစ်စိုက်တော့ ကိုင်တွယ်ရပါမယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

ထို့ပြင် ကစားသမားများအား ထိုကဲ့သို့ ဝေဖန်မှုများကို ပွဲတိုင်း လုပ်၍ မရကြောင်း၊ ၎င်းတို့အတွက် စိတ်ဖိစီးမှု ဆိုးရွားသွားနိုင်ကြောင်း၊ ထိပ်တန်းကစားသမားမျာမှာ ကောင်းမွန်ပြီး၊ သမာသမတ်ကျသည့် သုံးသပ်မှုများကို လုပ်တတ်ကြောင်း၊ ၎င်းတို့ ရှိနေသည့်အဆင့်ကို ကောင်းကောင်းနာလည်းကြောင်း ၀င်းဂါးက ထည့်သွင်း ပြောဆိုခဲ့သည်။

မန်ယူမှာ အဆင့် ၄ နေရာမှ လီဗာပူးလ်နှင့် ၅ မှတ်ကွာဟနေပြီး၊ အဆင့် ၆ နေရာမှ အာဆင်နယ်ကို တစ်ပွဲပို ၆ မှတ် ဖြတ်ထားသည်။ ယနေ့ကစားမည့်ပွဲမှာ ၎င်းတို့နှစ်သင်းစလုံး၏ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါသည့်ပွဲ ဖြစ်သည်။

Ref: BBC



The post ကစားသမားများအား သတိထားဝေဖန်ရန် ၀င်းဂါးက နည်းပြများကို တိုက်တွန်း appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top