9 July 2016

အာဇာနည် (၉) ဦး ကြေးရုပ်များ တောင်တွင်းကြီး ဗိုလ်ချုပ်ပန်းခြံမှာ ထားရှိမည်

4:12 pm - By Unknown 0

ဇူလိုင် ၉ ၊ ၂၀၁၆
M-Media
သတင်း- သူရိန်
.19
မကြာမီ ကျရောက်တော့မည့် ၆၉နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသော အားဖြင့် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကြေးသွန်း ရုပ်တုများကို တောင်တွင်းကြီးမြို့နယ် ဗိုလ်ချုပ်ပန်းခြံတွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကြေးရုပ်တုများကို မန္တလေးမြို့ တမ္ပဝတီရပ် မှ ကြေးသွန်းပညာရှင် ဦးမြင့်ဌေး (သား) ကိုတိုင်းလင်း ချမ်းသာအောင် မြန်မာမှု ကြေးသွန်းလုပ်ငန်းက သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
.
တောင်တွင်းကြီးမြို့မှ အာဇာနည် ကြေးရုပ်တုများ သယ်ယူရေးဆပ်ကော်မတီမှ အာဇာနည်ကြေးရုပ်များကို လာမည့် ဇူလိုင်လ ၁၁ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် မန္တလေးမြို့မှ သယ်ယူမည် ဖြစ်ပြီး ကျောက်ပန်းတောင်မြို့တွင် ညအိပ်ရပ်နားမည် ဖြစ်သည်။
.
သယ်ယူရေးကားတစ်စီးလျှင် အာဇာနည်တစ်ဦးချင်းစီ၏ ကြေးသွန်းရုပ်တုများ တင်ဆောင်ကာ ဗီနိုင်း ပိုစတာများ ချိတ်ဆွဲသယ်ယူမည်ဟုလည်း သိရသည်။
.
ဇူလိုင်လ ၁၂ရက်နေ့ နံနက် ၇နာရီတွင် ကျောက်ပန်းတောင်မြို့မှ ပြန်လည်ထွက်ခွာပြီး ရေနံချောင်း၊ မကွေးမြို့များကို ကျော်ဖြတ်ကာ တောင်တွင်းကြီးမြို့သို့ ညပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
.
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည် ရင်ပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့် အတူ ဂုဏ်ပြုခံထားရှိမည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများအား တောင်တွင်းကြီး မြို့သူမြို့သားများနှင့် ပြည်သူအားလုံး သိမြင် ဂုဏ်ပြုနိုင်ရန် ရည်ရွယ်ကြောင်း သတင်းရရှိသည်။
.
Photo Credit: Aung KyawKyaw FB



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top