နိုဝင်ဘာ ၅၊ ၂၀၁၇
M-Media
ယမန်နေ့နှောင်းပိုင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့ ပစ်ခတ်လိုက်သော ဒုံးကျည်မှာ Burkn 2-H ဖြစ်ကာ ကီလိုမီတာ ၈၀၀ ကျော် ပျံသန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့နဲ့ အပြစ်မဲ့ပြည်သူတွေကို ဗုံးတွေကြဲနေတဲ့ နိုင်ငံတွေရဲ့ မြို့ကြီးတွေဟာ ကျွန်တော်တို့ ဒုံးကျည်တွေလက်ကနေ လွတ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဆော်ဒီစစ်တပ် တာဝန်ရှိသူများက ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီ ၇ မိနစ်တွင် ယီမင်ဘက်မှ ဆော်ဒီပိုင်နက်သို့ ဒုံးကျည် ပစ်ခတ်ခဲ့ပြီး မိမိတို့က မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ် ဟန့်တားခဲ့ကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း မည်သည့်ထိခိုက်မှုမှ မရှိပေ။
၂၀၁၄ ခုနှစ်တွင် အီရန်က ထောက်ပံ့ပေးထားသည်ဟု ယုံကြည်ရသည့် ဟူသီသူပုန်များက မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ယီမင်တွင် မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ စတင်၍ ဆော်ဒီဦဆောင်သည့် ဆွန်နီ အာရပ်နိုင်ငံများက ယီမင်သမ္မတ မန်ဆူ ဟာဒီအစိုးရဘက်မှနေ၍ ဟူသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ယီမင်ပြည်တွင်းစစ်အတွင်း လက်ရှိအချိန်အထိ လူပေါင်း တစ်သောင်းကျော် သေဆုံးခဲ့ပြီး အနည်ဆုံး ၄ သောင်း ဒဏ်ရာရခဲ့ကာ ထိခိုက်မှုအများစုမှာ ဆော်ဒီဦးဆောင်သောအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။
Ref: Aljazeera
The post ဆော်ဒီမြို့တော်ကို ယီမင်သူပုန်များက ဒုံးကျည်ဖြင့်ပစ် appeared first on News @ M-Media.
0 comments:
Note: only a member of this blog may post a comment.