30 December 2010

စင်ကာပူရှိ နာဂူရီဒါရ်ဂါတွင် အိန္ဒိယ မွတ်စလင်သမိုင်းဌာန ဖွင့်လှစ်မည်

5:59 pm - By Unknown 0

တမီလ်(ကျူလီယာ)မွတ်စလင် ကုန်သည် များက လွန်ခဲ့သော နှစ်ပေါင်း ၁၈၀က စင်ကာပူတွင် ဆောက်လုပ်ခဲ့ နာဂူရီးဒါရ်ဂါအား ၆၁ခုမြောက် နိုင်ငံတော်
သမိုင်း ၀င် အဆောက်အုံအဖြစ် ၁၉၇၄ ခုနှစ်တွင် စင်ကာပူအစိုးရက သတ်မှတ်ခဲ့ပါသည်။ အဆိုပါ ဒါရ်ဂါ အတွင်း ရှိ အိန္ဒိယ မွတ်စလင် သမိုင်းဌာန အား
လာ မည့် နှစ် လယ်တွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း channel news asia သတင်းက ဖေါ်ပြပါသည်။ စင်ကာပူ ၊ပီနန် သို့ရောက်ရှိ နေထိုင်ခဲ့ကြ သော
ကျူလီယာမွတ်စလင်များ သည် မိခင်ဌာနေ ဖြစ်သော အိန္ဒိယနိုင်ငံ တမီလ်နာ ဒူလ်ပြည် နယ်တွင် သူတော်စင် Shahul Hamid ၏ နာဂိုရ်ဒါရ်ဂါ အထိမ်းအမှတ်
အဖြစ် က စင်ကာပူ တွင် လည်း ဒါရန်ဂါ တစ်ခု ဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ သမိုင်း ဌာနတွင် စင်ကာပူရှိ လူနည်းစု ကျူလီယာ မွတ်စလင်များ၏ သမိုင်းဝင် ဖြစ်ရပ်မှန်များကို ထည့်သွင့် ပြသမည်ဖြစ်သည်။ စင်ကာပူ နာဂူရီး ဒရ်ဂါ ဘဏ္ဍာထိန်းအဖွဲ့ အတွင်းရေးမှူး နာဆီးရ် ဂန္ဒီ က မျိုးဆက်သစ်တွေ လူငယ်တွေက အိန္ဒိယမွတ်စလင်သမိုင်းကို သိပ်မသိကြတော့ဘူးလေ ဒါကြောင် ဒီဌာနက သူတို့ ကို သမိုင်းနဲ့ ထိတွေ ခွင့်ရေစေမှာပါ . နောက်ပြီး စင်ကာပူ လူအဖွဲ့စည်းအားလုံးအတွက်ပါ ရည်ရွယ် ပါတယ် . ဟု ပြောပါသည်။ စင်ကာပူတွင် ကျူလီယာမွတ်စလင် ၆၀၀၀၀ ကျော်နေထိုင်ကြသည်။

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top