3 October 2017

ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ

12:38 am - By Unknown 0

အောက်တိုဘာ ၂၊ ၂၀၁၇
M-Media

width=575

NDP ပါတီခေါင်းဆောင် ဖြစ်လာသည့် ဂျဂ်မိဆင်း

– ကနေဒါနိုင်ငံရှိ ဆစ်ခ်လူမျိုးတစ်ဦးမှာ တိုင်းပြည်၏ တတိယအင်အားအကြီးဆုံးပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရသည်ဟု သိရသည်။

ဂျဂ်မိဆင်းဆိုသူဖြစ်ပြီး New Democratic Party (NDP) ပါတီခေါင်းဆောင်အဖြင် ယမန်နေ့က မဲခွဲဆုံးဖြတ်မှုတွင် မဲအရေအတွက် ၅၄ ရာခိုင်နှုန်း ရရှိကာ အရွေးခံခဲ့ရခြင်းဖြစ်သည်။ NDP ပါတီမှာ ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူ၏ လစ်ဘရယ်ပါတီနှင့် ကွန်ဆာဗေးတစ်ပါတီတို့နောက် တတိယ အကြီဆုံးပါတီလည်းဖြစ်သည်။

“ကြောက်ရွံ့စိတ်နိုင်ငံရေးကို သတ္တိနိုင်ငံရေးနဲ့၊ နိုင်ငံရေးအကွဲအပြဲတွေကို မေတ္တာနိုင်ငံရေးနဲ့ တွန်းလှန်ရာမှာ ကနေဒါပြည်သူတွေဟာ စည်းလုံးညီညွတ်ရပါမယ်” ဟု ဆင်းက ရလဒ်ကြေငြာပြီးနောက် ပြောကြားခဲ့သည်။

ရှေ့နေတစ်ယောက်ဖြစ်သည့် ဆင်းမှာ အွန်တာရီယိုရှိ ပန်ချာဘီ မိသားစုမှ မွေးဖွားလာခြင်းဖြစ်ပြီး ၀န်ကြီးချုပ် ထရူဒူကလည်း ဆင်းကို ချီးကျူးခဲ့သည်။

“၀န်ကြီးချုပ်ကို မကြာခင်မှာ တွေ့ဆုံစကားပြောဖို့ ရှိနေပြီး ကနေဒါပြည်သူတွေအတွက် အတူတကွ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆင်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

ဆင်းမှာ အွန်တာရီယို ပြည်နယ်လွှတ်တော်မှ အမတ်တစ်ဦးလည်းဖြစ်သည်။

Ref: CNA



The post ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top