6 October 2016

ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်

4:22 pm - By Unknown 0

အောက်တိုဘာ ၆ ၊ ၂၀၁၆
M-Media

ct1-fg7wgaan0ur-e1475593191284အဓိပတိ အန်ဂလာမာကယ် မှ ဟမ်ဇားတူရင် Hamza Turan နှင့် သူ့မိသားစုအားတွေ့ဆုံစဉ် Photo © Steffen Seibert/Twitter

.
ဂျာမနီနိုင်ငံတွင် အစ္စလာမ့်ကြောက်ရောဂါနှင့် သူစိမ်းကြောက်ရောဂါတို့ တစ်နေ့တခြား မြင့်တက်လာမှု့အပေါ် တူရကီတို့၏ စိုးရိမ်မှု့မြင့်တက်လာ စဉ်မှာပင်၊ ဂျာမနီနိုင်ငံ သမ္ပတနှင့် ဂျာမန်အကြီးကဲ အဓိပတိဖြစ်သူတို့က လွန်ခဲ့သည့်လက ဂျာမနီနိုင်ငံ တွင် အစ္စလာမ့်ကြောက် ရောဂါကြောင့်ဟု ထင်ရသည့် နောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံရသော တူရကီနိုင်ငံသားများပိုင် ဒရစ်ဒန်မြို့ Dresden ရှိ ဗလီမှ ဗလီဆရာတစ်ဦးဖြစ်သူ ဟမ်ဇားတူရင် Hamza Turan အား လက်ခံတွေ့ဆုံခဲ့ပါသည်။
.
အင်္ဂါနေ့က တူရင်နှင့် သူ့မိသားစုမှာ သမ္မတ ဂျိုအာချင် ဂေါက်နှင့် အဓိပတိ အန်ဂလာမာကယ်တို့နှင့် တွေ့ဆုံခဲ့ပြီး ဂေါက် မှာ ထို့သို့ တိုက်ခိုက်ခဲ့မှု့အတွက်နှင့် မွတ်စလင်များအား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့မှု့အတွက်ပါ တောင်းပန်စကား ပြောကြားခဲ့ပါသည်ဟု ထိုသို့တွေ့ဆုံပြီးနောက် တူရကီ သတင်းဌာနများသို့ ယင်းဗလီဆရာက ပြောကြားခဲ့သည်။
.
တူရကီ အန်ဂျီအိုတစ်ခုဖြစ်သော သာသနာရေးရာ တူရကီ-အစ္စလာမ့် ယူနီယံအသင်း the Turkish-Islamic Union for Religious Affairs (DİTİB) က စီမံခန့်ခွဲနေသည့် ဒရစ်ဒန်မြို့ရှိ ဖွာေဿွ့ဟ်ဗလီဝတ်ကျောင်းတော် Faith Mosque မှာ စက်တင်ဘာလနောက်ဆုံး အပတ်က အိမ်လုပ်ဖေါက်ခွဲရေး ပစ္စည်းများဖြင့် တိုက်ခိုက်မှု့ကို ခံခဲ့ရသည်။ ဗလီ ဆရာ တူရင်နှင့် သူ့မိသားစုတို့ စတည်းချရာ ဗလီ၏ နားခိုဆောင်ရှေ့တွင် အဆိုပါ ဗုံးမှာ ပေါက်ကွဲသွားခဲ့ပြီးနောက် အ ဆောက်အအုံ တစ်ခုလုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှု့အတွင်း မည်သူတစ်ဦးတစ်ယောက် ကမျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြသော်လည်း တရားခံများကတော့ လွတ်မြောက်နေကြဆဲဖြစ်သည်။
.
အဆိုပါ အလည်ပတ်ခရီးစဉ်ပြီးနောက် တူရင်က အနဒိုလူ သတင်းဌာနသို့ ပြောကြားခဲ့ရာတွင်- ဂျိုအာချင် ဂေါက်မှာ သူနှင့် သူ့မိသားစုတို့နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါတိုက်ခိုက်ခံရမှု့အတွက် သူက ၀မ်းနည်းကြောင်းဖေါ်ပြခဲ့သလို တောင်းပန် စကားလည်း ပြောကြား ခဲ့ပါသည်။ သူက ကျွန်တော်တို့ကို အခုလို ပြောပါသည်။ ” ကျွန်ုပ်တို့တွေ စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျား တို့ကို ကာကွယ်မပေးနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့၊ အခုလို ဖြစ်ပျက်ခဲ့တာတွေကိုတော့ အသေချာ စုံစမ်းပါ့မယ်”‘ကျွန်တော် ကလည်း သူ့ရဲ့မှတ်ချက်စကား အတွက် ကျေးဇူး တင်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါတယ် ‘လို့ တူရင် က ပြောပါသည်။
.
အဆိုပါ တိုက်ခိုက်မှု့မှာ လွန်ခဲ့သော ရက်အနည်းငယ်က ဟက်ဆန်မြို့ရှိ မီမာ ဆီနန်ဗလီ Mimar Sinan Mosque ကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရမှု့အပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘီဘရာမြို့ Bebra မှာတော့ DİTİBက ပိုင်သည့် ဗလီအား ပစ်မှတ်ထား၍ မည်သူမည်ဝါမှန်း မသိရသေးသောသူအချို့က အန္တရာယ်မရှိသည့် မိုလိုတော့ အရက်များဖြင့် ပစ်ပေါက် သွားခဲ့ပါသည်။ DİTİB အား ဂျာမန်နိုင်ငံရေးသမားများက အသေရေဖျက်သည့် လှုပ်ရှားမှု့တစ်ခု နိုးကြားလာ ပြီးနောက် တွင် ယင်းဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။မတူညီသော နိုင်ငံရေး ပါတီများမှ ဂျာမန်နိုင်ငံရေးသမား သုံးဦးက ယင်းအဖွဲ့အစည်းမှာ တူရကီအစိုးရ၏ လက်အောက်ခံအဖွဲ့စည်းဖြစ်သဖြင့် ဂျာမနီနိုင်ငံတွင် အစ္စလာမ့် ပညာရေး အား ပုံလာဖေါ်ခြင်းကို လက်မခံ သင့်ကြောင်း ကြေညာခဲ့ပြီးနောက် တွင် DİTİB မှာ” ဘွင်းဘွင်းရှင်းရှင်းကြီးကို ရန်လိုသည့် အဖွဲ့စည်းဖြစ်သည် “ဟု သူတို့၏ ကြေညာချက်များတွင် ပစ်တင်ဝေဖန်ထားလေသည်။
.
မွတ်စလင် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဒလဟော ၀င်ရောက်လာမှု့နှင့်အတူ မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိနေသူ အချို့မှ ဂျာမနီနိုင်ငံရှိ ဗလီများကို ပြစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
.
German president apologizes to Turkish imam for mosque attack ကို “ရဲသူရိန်” ကောက်နှုတ် ဘာသာပြန်ဆိုသည်။

ref: Daily Sabah



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top