အောက်တိုဘာ ၁၊ ၂၀၁၇
M-Media
နိုင်ငံမြောက်ပိုင်း ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုးအစိုးရနှင့် ပိုင်နက်အငြင်းပွားမှုရှိနေသည့် ကာ့ဒ်အများစုရှိရာ ဒေသတစ်ချို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒခံယူပွဲတွင် မဲပေးသူ ၉၀ ရာခိုင်နှုန်းကျော်က လွတ်လပ်ရေးအတွက် ထောက်ခံခဲ့ကြသည်။
အီရတ်ဗဟိုအစိုးရက ဆန္ဒခံယူပွဲကို ရှုတ်ချထားပြီး ကာ့ဒ်ဒေသအစိုးရ၏ လက်ထဲမှ နယ်စပ် ထိန်းချုပ်ရေးစခန်းများကို ပြန်လည်ရယူရေး၊ ကာ့ဒ်ဒေသ လေပိုင်နက်အား ပိတ်ဆို့ရေးအပါအ၀င် ဆုံးဖြတ်ချက် အများအပြားကို ချမှတ်ခဲ့သည်။
သို့သော်လည်း ထိုဆုံးဖြတ်ချက်များကို ၎င်းတို့၏ သဘောတူညီချက်မပါဘဲ ဆောင်ရွက်၍မရဟု ကာ့ဒ်ပါလီမန်က ပြောကြားခဲ့ပြီး ဗဟိုအစိုးရ၏ ထိုဆောင်ရွက်ချက်များအားလုံးကို ပယ်ချခဲ့သည်။ ထို့ပြင် နယ်စပ်နှင့် လေပိုင်နက် ပိတ်ဆို့မှု အခွင့်အဏာမှာ ဗဟိုအစိုးရတွင်မရှိဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။
အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်အာဘာဒီကမူ ကာ့ဒ်ဒေသကိစ္စအတွက် စစ်ရေးဖြင့် ဖြေရှင်းမည်မဟုတ်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။
Ref: Alarabiya
The post ဆန္ဒခံယူပွဲကိုဆန့်ကျင်သည့် အီရတ်အစိုးရ ဆုံးဖြတ်ချက်များကို ကာ့ဒ်လွှတ်တော် လက်မခံ appeared first on News @ M-Media.
0 comments:
Note: only a member of this blog may post a comment.