အောက်တိုဘာ ၉၊ ၂၀၁၄
M-Media
၁၉၂၅ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် “ဗုဒ္ဓဘာသာခြင်းလုံးခတ်အသင်း’’ ကို တည်ထောင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ထောင်သော အသင်းဖြစ်သည်။ ပထမဦးဆုံးဥက္ကဋ္ဌမှာ ဘကြီးလှဖြစ်၍ အတွင်းရေးမှူးမှာ ဦးကရင် (U KARIM)ဖြစ်သည်။
ခြင်းလုံးခတ်ကစားရာတွင် ကျောနောက်မှ ရှေ့သို့ကျလာသော ခြင်းလုံးကို နောက်လှည့်မကြည့်ဘဲ အမှန်းအဆနှင့် ခေါင်းငုံ့ရှောင်ကာ ရှေ့ကျလာမှ မိအောင် ခတ်ကစားသောခြင်းကွက်ကို “ခြင်းပျောက်ရှာသည်’’ ဟုခေါ်လေသည်။
ထိုသို့ခြင်းပျောက်ရှာ၍ ခတ်သော ကစားကွက်ကို ဦးကရင်မှ စတင်ကာ တီထွင်ကစားခဲ့လေသည်။
ဦးကရင်မှာ မြန်မာရိုးရာခြင်းလုံး အားကစားထူးချွန်သူ တိုင်းရင်းသားမွတ်စလင်မ်များထဲမှ တစ်ဦးဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ ဖတ်ရှုရန်
—————————————–
မြန်မာ့ရိုးရာခြင်းလုံး သမိုင်းနှင့် တိုင်းရင်း မွတ်စလင်မ်များ၏ အခန်းကဏ္ဍ
http://www.m-mediagroup.com/news/16450

0 comments:
Note: only a member of this blog may post a comment.