28 September 2017

ပြည်မြို့ ဆေးရုံကြီးအတွက် သိန်း(၁၂၀၀) တန်ဖိုးရှိ ကျောက်ကပ်ဆေးစက် (၅) လုံး လှူဒါန်း

4:38 pm - By Unknown 0

စက်တင်ဘာ ၂၈၊ ၂၀၁၇
M-Media
သတင်း- မိုးစက်

width=960

ပြည်။ ။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြိှု့ရှိ ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျောက်ကပ်စက်များ တပ်ဆင်ပြီးပြီဖြစ်၍ ကျောက်ကပ်ရောဂါဝေဒနာရှင်များ ကျောက်ကပ်ဆေးနိုင်တော့ မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကျောက်ကပ်စက်များ လှူဒါန်းသည့် အခမ်းအနားတရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်မြို့မှ မြို့မိမြို့ဖ အလှူရှင်များနှင့် ဒေသခံပြည်သူ (၁၅၀)ခန့်က ဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။

width=960

ပင်မ အလှူရှင်များ ကတော့
– ဦးမျိုးနိုင်+ဒေါ်စန်းစန်းဦး ရွှေသင်း- စိန်ရွှေရတနာဆိုင် က ငွေကျပ် (၃၄၀) သိန်း တန်ဖိုးရှိသည့် စက် (၂) လုံး ၊
– ဟာဂျီ ဦးခင်မောင်၊ ဟာဂျီ ဦးဝင်းမောင် တို့က ငွေကျပ် (၁၇၀) သိန်း တန်ဖိုးရှိသည့် စက်(၁) လုံး၊
– ဦးစိန်ဝင်း+ဒေါ်သင်းသင်း စိန်သရဖူ-ရတနာရွှေဆိုင် က ငွေကျပ် သိန်း (၁၇၀) သိန်း စက်(၁) လုံး၊
– ဦးတင်ဝမ်း+ဒေါ်ခင်သန်းဦး နေလ-ကုန်စုံဆိုင် (၃၅)သိန်းကျော် တန်ဘိုးရှိ စက်ရေတွင်းနှင့် စတီးရေကန် တို့ကို လည်းကောင်း လူမျိုး/ဘာသာ ပေါင်းစုံမှ မြို့မိမြို့ဖများက စုပေါင်းလှူဒါန်းခဲ့ပါတယ်။

ယခင်က ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံမှာကျောက်ကပ်ရောဂါဝေဒနာရှင်များ အတွက် လိုအပ်သည့် ဆေးဝါးကိရိယာ မစုံမလင်ဖြစ်နေတဲ့အတွက် ချက်ချင်းကုသ၍ မရနိုင်ဘဲ တခြားမြို့တွေကို လွှဲပြောင်းပေးရကြောင်း၊ ယခုကဲ့သို့ စက်ပစ္စည်းများ စုံလင်စွာရှိလာတဲ့အတွက် လူနာများ စရိတ်သက်သာစွာဖြင့် အချိန်မှီကုသနိုင်တော့မှာ ဖြစ်တဲ့အတွက် အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပြီး အဆင်ပြေပြေဖြစ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

width=960

အထွေထွေရောဂါကုဆေးရုံကြီးသို့ ကျောက်ကပ်လာရောက် ဆေး သည့် လူနာတစ်ဦးက ရန်ကုန်၌ ကျောက်ကပ် တစ်ခါသွားဆေးလျှင် ခရီးစရိတ်၊ တည်းခိုစရိတ်မပါဘဲ ငွေကျပ် ၆ဝဝဝဝ၊ ၇ဝဝဝဝ ခန့်ကုန်ကျကြောင်း၊ ယခု ဒီမှာဆေး၍ရနေပြီဖြစ်သည့်အတွက် အဆင်ပြေကြောင်း ပြောပါတယ်။

width=960 width=690

အဆိုပါ ကျောက်ကပ်ဆေးစက် (၅) လုံး အတွက် အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းမှုမှာ ငွေကျပ်သိန်း၁၂ဝဝ ခန့်ရှိ ကြောင်း သိရပါတယ်။

Photo Credit- ပြည့်သဲမောင်(ပြည်)
ref: မြဝတီ၊ ပြည်သတင်း



The post ပြည်မြို့ ဆေးရုံကြီးအတွက် သိန်း(၁၂၀၀) တန်ဖိုးရှိ ကျောက်ကပ်ဆေးစက် (၅) လုံး လှူဒါန်း appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top