16 September 2017

ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်မည်

10:36 pm - By Unknown 0

စက်တင်ဘာ ၁၆၊ ၂၀၁၇
M-Media

width=578

– ၂၀၁၈ ခုနှစ် ကမ္ဘာဖလား နောက်ဆုံးအဆင့်အတွက် မဲခွဲမှုများကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မော်စကို၌ ကျင်းပပြုလုပ်ရန် ဖီဖာက ဆုံးဖြတ်ခဲ့သည်။

ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်ဒါ စီဖီရင် ဦးဆောင်သည့် ဖီဖာပြိုင်ပွဲများ ကျင်းပရေး ကော်မတီမှာ ကြာသာပတေးနေ့က ဇူးရစ်ခ်ျမြို့တွင် တွေ့ဆုံခဲ့ပြီး ၂၀၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်ဖလားမှ ရရှိသည့် သင်ခန်းစာများ၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ပြင်ဆင်မှု အခြေအနေများအကြောင်းကို ဆွေးနွေးခဲ့သည်ဟု ဖီဖာမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

အုပ်စုအဆင့် မဲခွဲမှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို အခြေခံကာ ၈ နိုင်ငံစီ ပါဝင်သည့် မဲအိုး ၄ အိုးပြုလုပ်မည်ဖြစ်သည်။ အိမ်ရှင် ရုရှားအပါအ၀င် ကမ္ဘာ့အဆင့် ၁ မှ ၇ အထိ အသင်းများကို မဲအိုး ၁ တွင် ထည့်သွင်းမည်ဖြစ်သည်။

အုပ်စုတစ်ခုတွင် ဥရောပတိုက်မှ အများဆုံး ၂ သင်း၊ အခြား တိုက်ကြီးများမှ အများဆုံး အသင်း ၁ သင်းသာ ပါဝင်ရန် စီစဉ်ထားသည်ဟု ဖီဖာက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေမှ ဇူလိုင်လ ၇ ရက်နေ့အထိ ပြင်သစ်နိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၉ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်လည်း အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားအတွက် လက်မှတ်များကိုလည်း ကြာသာပတေးနေ့တွင် စတင်ရောင်းချခဲ့သည်။

Ref: RT



The post ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်မည် appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top