ဇူလိုင် ၁၁၊ ၂၀၁၅
M-Media
သတင်း/ဓါတ်ပုံ- မိုးစက်
.
အစ္စလာမ် ဘာသာဝင်များ၏ ဥပုသ်လအတွင်း ဆောက်တည်ရသော ဆွီယာမ် (ရိုဇာ) ခေါ် ဥပုသ်သီလနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အတွင်းနေထိုင်ကြသော ဘာသာပေါင်းစုံမှ ညီအစ်ကိုမောင်နှမများ သိရှိနားလည်စေရန် ရည်ရွယ်၍ ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲနှင့် ဝါဖြေပွဲတစ်ရပ်ကို ယနေ့ ဇူလိုင် (၁၁) ရက်နေ့တွင် ရန်ကုန်မြို့ New Ayeyar Hotel ရှိ Olive Garden Restaurant..တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဝါဖြေပွဲသို့ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာပေါင်းစုံ နယ်ပယ်အသီးသီးမှ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါသည်။
ထိုဝါဖြေပွဲအား Social Alliance လူမှုမဟာမိတ်အဖွဲ့ မှ ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

0 comments:
Note: only a member of this blog may post a comment.