13 June 2017

မွတ်စလင်များ ၀တ်ပြုရာတွင် ကစ်ဗလာဟ်ဘက် ရှာနိုင်မည့် လုပ်ဆောင်ချက်တစ်ခု Google ဖန်တီးပေး

6:21 pm - By Unknown 0

ဇွန် ၁၂၊ ၂၀၁၇
M-Media

width=533

– မွတ်စလင်များ ၀တ်ပြုရာမှာ မျက်နှာမှုရတဲ့ ကစ်ဗလာဟ်ဘက်ကို အလွယ်တကူနဲ့ မှန်မှန်ကန်ကန် ရှာဖွေနိုင်ဖို့အတွက် Google က လုပ်ဆောင်ချက်အသစ်တစ်ခုကို ဖြန့်ချီလိုက်ပါတယ်။

တစ်နေ့ကို ၅ ကြိမ် ၀တ်ပြုရာမှာ မွတ်စလင်တွေဟာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က ကအ်ဗာဝတ်ကျောင်းတော်ရှိရာကို မျက်နှာမူရပြီး အဲဒီလို မျက်နှာမူရာအရပ်ကို ကစ်ဗလာဟ်လို့ ခေါ်တာပါ။ မက္ကာမြို့ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဖက်မှာ တည်ရှိတာကြောင့် မြန်မာနိုင်ငံက မွတ်စလင်တွေအတွက် ကစ်ဗလာဟ်ဟာ အနောက်ဖက်ဖြစ်ပါတယ်။

Qibla Finder အမည်ပေးထားတဲ့ အဲဒီဝန်ဆောင်မှုကို မိုဘိုင်းဖုန်းနဲ့ Browser မှာ အသုံးပြုနိုင်မှာဖြစ်ပြီး augmented reality နည်းပညာကို အသုံးပြုထားတာပါ။ ဘယ်လို မိုဘိုင်းဖုန်းအမျိုးအစားမှာမဆို အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ တည်နေရာကိုတော့ တိတိကျကျဖော်ပြပေးဖို့ လိုပါတယ်။

အရင်က ကစ်ဗလာဟ်ကို ရှာကြတဲ့အခါ ၀ဘ်ဆိုက်တွေ၊ ဖုန်းအက်ပလီကေးရှင်းတွေကို အသုံးပြုကြပေမယ့် ရာနှုန်းပြည့် အဆင်ပြေတာမျိုး မရှိပါဘူး။ Google ကတော့ အခု Qibla Finder ဟာ ကမ္ဘာ့ ဘယ်နေရာပဲ ရောက်နေနေ ၀တ်ပြုဖို့ မျက်နှာမူရာအရပ်ကို အလွယ်ကူဆုံး ရှာဖွေနိုင်မယ်လို့ ဆိုပါတယ်။

ဝဘ်ဆိုက် အက်ပလီကေးရှင်းဖြစ်တဲ့ Qibla Finder ဟာ ဖုန်းက ကင်မရာနဲ့ ဂျီပီအကစ်တို့ကို အသုံးပြုမှာဖြစ်ပြီး ကစ်ဗလာကို အပြာရောင်လိုင်းတန်းနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်အသစ်ဟာ ရမ်ဇာန်လမှာ မွတ်စလင်အသုံးပြုသူတွေအတွက် ရည်ရွယ်ပြီး update လုပ်ပေးတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်လာတာဖြစ်ပါတယ်။ Qibla Finder နဲ့အခြားသော ရမ်ဇာန်အတွက် ဖန်တီးပေးထားတဲ့ လုပ်ဆောင်ချက်အသစ်တွေကို ၂၀၁၄ ခုနှစ်ကတည်းက Google က လွှင့်တင်ခဲ့တဲ့ Ramadan Hub ၀ဘ်စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။

Qibla Finder ကို အောက်ပါလင့်တွင် ၀င်ရောက်ပြီး အသုံးပြုနိုင်ပါတယ်။

https://qiblafinder.withgoogle.com/intl/en/desktop

Ref: Arabian Business



The post မွတ်စလင်များ ၀တ်ပြုရာတွင် ကစ်ဗလာဟ်ဘက် ရှာနိုင်မည့် လုပ်ဆောင်ချက်တစ်ခု Google ဖန်တီးပေး appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top