11 February 2017

အန်ဂိုလာဘောလုံးပွဲ လူတိုးမှုကြောင့် ၁၇ ဦး သေဆုံး

5:21 pm - By Unknown 0

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
M-Media

width=566

– အန်ဂိုလာနိုင်ငံရှိ ဘောလုံးပွဲတစ်ပွဲတွင် ကွင်းအတွင်း ပရိတ်သတ်များ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုင်ငံမြောက်ပိုင်း ယူဂီမြို့ရှိ January 4th ဘောလုံးကွင်းတွင် သောကြာနေ့ ညနေပိုင်းက Rita de Cássia အသင်းနှင့် Recreativo de Libolo အသင်းတို့ ကစားသည့်ပွဲ ပထမပိုင်းစပြီး ၇ မိနစ် Recreativo de Libolo အသင်းက ဂိုးသွင်းယူလိုက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပရိတ်သတ်များမှာ ကွင်းအတွင်းသို့ ၀င်ရောက်ရန် တိုးဝှေ့မှုကြောင့် ဖြစ်သည်။

“တိုးဝှေ့မှု ဖြစ်ပွားခဲ့တာကြောင့် လူတွေ အသက်ရှုကြပ်ခဲ့ပါတယ်။ တစ်ချို့ ပြည်သူတွေက အခြားသူတွေရဲ့အပေါ် တက်နင်းသွားတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ ၇၆ ဦး ဒဏ်ရာရရှိကာ ၁၇ ဦး သေဆုံးခဲ့ပါတယ်” ဟု ဒေသတွင်းဆေးရုံမှ တာဝန်ရှိသူ Ernesto Luis က ပြောကြားခဲ့သည်။

Santa Rita အသင်း၏ နည်းပြ Sérgio Traguil က ထိုဖြစ်ရပ်ဆိုးအကြောင်းကို ပွဲပြီးမှ သိရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်အတွက် မန်စီးတီး၊ ဆဲလ်တစ်နှင့် ပေါ်တိုအသင်းတို့ အပါအ၀င် ဘောလုံးအသိုင်းအ၀ိုင်းမှ ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြသည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် ဘောလုံးပွဲကို ရပ်တန့်ခဲ့ခြင်းမရှိကြောင်း၊ ထိခိုက်သေဆုံးသူ အများစုမှာ ဘောလုံးပွဲကြည့်ရှုန်ရန် တိုးဝှေ့ဝင်ရောက်ကြသည့် ကလေးငယ်များဖြစ်ကြောင်း၊ အဆိုပါ ဘောလုံးကွင်းတွင် ပြိုင်ပွဲကျင်းပခြင်းမပြုရန် စောစောပိုင်းက တားမြစ်မှုများ ရှိခဲ့သော်လည်း အန်ဂိုလာ ဘောလုံး အာဏာပိုင်များက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်များက ဖော်ပြကြသည်။

Ref: RT

The post အန်ဂိုလာဘောလုံးပွဲ လူတိုးမှုကြောင့် ၁၇ ဦး သေဆုံး appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top