9 May 2017

ချယ်ဆီးကွင်းလယ်လူကန်တီ FWA ၏ တစ်နှစ်တာအကောင်းဆုံးဆု ရရှိ

12:16 am - By Unknown 0

မေ ၈၊ ၂၀၁၇
M-Media

width=689

– ချယ်ဆီးအသင်း၏ ကွင်းလယ်လူ အန်ဂိုလို ကန်တီမှာ ဘောလုံးကလောင်ရှင်များအသင်း(FWA) က ရွေးချယ်သော ၂၀၁၇ ခုနှစ် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။

ပြင်သစ်လက်ရွေးစင် ကန်တီမှာ မဲအရေအတွက် ၃၄၀ ရရှိခဲ့ပြီး အသင်းဖော် အေဒင် ဟဇာ့ဒ်က ဒုတိယ၊ စပါးကွင်းလယ်လူ ဒဲလီအလီက တတိယ အသီးသီး ရရှိခဲ့သည်။

ကန်တီနှင့် ဟဇာ့ဒ်တို့မှာ ကလောင်ရှင်များ၏ မဲအရေအတွက် ၅၆ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပြီး၊ မဲပေးခံခဲ့ရသည့် ကစားသမားအရေအတွက်မှာ စံချိန်တင် ၁၇ ဦး ရှိခဲ့သည်။

လက်စတာအသင်းမှ ယခုနှစ်ဘောလုံးရာသီအစတွင် ချယ်ဆီးသို့ ကန်ဒေါ်လာ ၃၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ကန်တီမှာ အသင်း၏ အမာခံ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့သည်။

ချယ်ဆီးမှာ လန်ကျန် ၄ ပွဲတွင် ၂ ပွဲ အနိုင်ရပါက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမည်ဖြစ်ပြီး မနှစ်က လက်စတာနှင့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ကန်တီမှာ အသင်း ၂ နှစ်သင်းဖြင့် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာမည်ဖြစ်သည်။

“ဒီဆုကို ရတယ်ဆိုတာ တော်တော်လေး ဂုဏ်ယူစရာ အရာတစ်ခုပါ။ ချယ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကြီးကျယ်တဲ့ ကစားသမားတွေ အများကြီးရှိတဲ့အထဲ ဘောလုံးကလောင်ရှင်များအသင်းက ကျွန်တော့်ကို တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်လိုက်တာဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ ဂုဏ်ယူစရာ အချိန်တစ်ခု ဖြစ်ပါတယ်” ဟု ကန်တီက ပြောကြားခဲ့သည်။

ကန်တီမှာ ပြီးခဲ့သည့်လကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းက ပေးအပ်ခဲ့သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

FWA ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို လာမည့် မေလ ၁၈ ရက်နေ့တွင် လန်ဒန်မြို့၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အကြိမ် ၇၀ မြောက် ဆုပေးပွဲအခမ်းအနား ဖြစ်လာမည်ဖြစ်သည်။

Ref: Telegraph



The post ချယ်ဆီးကွင်းလယ်လူကန်တီ FWA ၏ တစ်နှစ်တာအကောင်းဆုံးဆု ရရှိ appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top