14 October 2017

လကမ္ဘာလေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၉)

4:38 am - By Unknown 0

အောက်တိုဘာ ၁၃၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

width=707

– ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ‘အပိုလို ၁၁’ အာကာသယာဉ် လမျက်နှာပြင်ပေါ်ကို ဆင်းသက်ခဲ့ပြီး နီးလ်အမ်းစထရောင်းဟာ လကမ္ဘာပေါ်မှာ ခြေချနိုင်တဲ့ ပထမဆုံး လူသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမ်းစထရောင်း ဒီလိုခြေမချနိုင်ခင်၊ အားလုံးအမှတ်ရနေမယ့်စကားတွေ မပြောနိုင်ခင် အချိန်တော်တော်ကြာကြာ အရင်ကတည်းက မွတ်စလင်ပညာရှင်ကြီးတွေဟာ ကမ္ဘာရဲ့ အနီးကပ်ဆုံး ဒီဂြိုဟ်ကြီးကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

‘ဟစ်ဂ်ျရီ’ လို့ ခေါ်တဲ့ အစ္စလာမ့်ပြက္ခဒိန်ဟာ လရဲ့ လည်ပတ်မှုကို အခြေခံတာကြောင့် မွတ်စလင်တွေအတွက် လဟာ တော်တော်လေးကို အရေးပါပါတယ်။ ဒါပေမယ့် သူတို့ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက တစ်လကို ၂၉.၅ ရက်နဲ့ အဆုံးသတ်တဲ့ လပြက္ခဒိန်ဟာ နေပြက္ခဒိန်ဖြစ်တဲ့ တစ်နှစ်ကို ၃၆၅ ရက်နဲ့ မကိုက်ညီတာပါ။ လ ပြက္ခဒိန်ရဲ့ ၁၂ လကို ပေါင်းလိုက်ရင် ၃၅၄ ရက်ပဲ ရပါတယ်။

ခရစ်ယာန်နဲ့ ဂျူးတွေဟာလည်း ဒီပြဿနာမျိုး ကြုံရပါတယ်။ သူတို့က ဘီစီ ၄၃၀ မှာ အေသင်က နက္ခတ္တဗေဒပညာရှင် မီတန် (Meton) ရဲ့ ရှာဖွေတွေ့ရှိမှုကို အခြေခံထားတဲ့ နည်းလမ်းတစ်ခုကို လက်ခံသုံးစွဲခဲ့ပါတယ်။ မီတန်က ၁၉ နှစ် ပါဝင်တဲ့ ရာသီစက်ဝန်းတစ်ခု (Metonic Cycle) ကို ဖော်ဆောင်ခဲ့ပြီး အဲဒီမှာ ၁၂ လပါဝင်တဲ့ နှစ် ၁၂ နှစ် ၁၃ လပါဝင်တဲ့ နှစ် ၇ နှစ် သတ်မှတ်ခဲ့ပါတယ်။ ၁၃ လဆိုတာ ရာသီတွေနဲ့ ကိုက်ညီအောင် တစ်လပိုထည့်ထားတာ ဖြစ်ပါတယ်။

မွတ်စလင်တွေကလည်း စောစောပိုင်းက ဒီရာသီစက်ဝန်းကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ချို့ ကျင့်ဝတ်မရှိတဲ့ အုပ်ချုပ်သူတွေက သူတို့ရဲ့အကျိုးကိုလိုက်ပြီး ၁၃ လကို တစ်နှစ် သတ်မှတ်တာမျိုး ဖြစ်လာတာကြောင့် သက္ကရာဇ် ၆၃၄ ခုနှစ်ကစပြီး အစ္စလာမ့်အင်ပါယာကို ၁၀ နှစ်တိုင်တိုင် အုပ်စိုးခဲ့တဲ့ ခလီဖာ အိုမရ် အစ်ဗနေ့ အလ်-ခသာ့ဘ် (Umar ibn al-Khattab) လက်ထက်မှာ ဟစ်ဂ်ျရီသက္ကရာဇ်ကို စတင်အသုံးပြုခဲ့ပြီး ဒီနေ့အချိန်အထိ အစ္စလာမ့်မစ်နိုင်ငံတွေမှာ သုံးစွဲနေဆဲ ဖြစ်ပါတယ်။

ဟစ်ဂ်ျရီသက္ကရာဇ်ဟာ လရဲ့ လည်ပတ်မှုကိုလိုက်ပြီး တွက်ချက်တာကြောင့် နေနှစ်ထက် တစ်နှစ်ကို ၁၁ ရက်နည်းပါတယ်။ ရမ်ဇာန်ဥပုသ်လလို လမျိုးဟာ တစ်နှစ်ပတ်လုံးမှာ လည်ပတ်ကျရောက်နေတတ်ပြီး နောက်နှစ် ရမ်ဇာန်ဥပုသ်လဟာ လက်ရှိနှစ်ထက် ၁၁ ရက်စောပြီး ကျရောက်ပါတယ်။ ရမ်ဇာန် ဥပုသ်လ်တစ်လရဲ့ ရက်အတိအကျဟာ နေနှစ် ၃၃ နှစ်ကြာပြီးမှ တစ်ကြိမ်ပြန်ကျပါတယ်။

အစ္စလာမ့်ပြက္ခဒိန်မှာ လတွေကို ဆန်းဦးစလကို မြင်တွေ့မှ စတင်တာကြောင့် ရမ်ဇာန်ဥပုသ်လ စတင်မယ်ဆိုရင် ဆန်းဦးစလကို မြင်တွေ့ဖို့ လိုပါတယ်။

ဘယ်အချိန်မှာ ဆန်းဦးစလ ထွက်မယ်ဆိုတာကို ခန့်မှန်းရတာဟာ မွတ်စလင် နက္ခတ္တဗေဒ ပညာရှင်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ လရွေ့လျားမှုနဲပတ်သက်တဲ့ တော်လမီရဲ့ သီအိုရီဟာ လဆန်းပေါ်ထွက်မှုအတွက် တိကျပေမယ့် လကြတ်မှု၊ လလှည့်ပတ်မှု စတာတွေနဲ့ ပတ်သက်ပြီး မှန်ကန်မှုမရှိပါဘူး။

ဆန်းဦးစလ ထွက်မယ့်အချိန်ကို တွက်ချက်ဖို့အတွက် မိုးကုပ်စက်ဝိုင်းမှာ လရဲ့ ရွေ့လျားမှုကို လေ့လာဖို့ လိုအပ်တယ်ဆိုတာကို မွတ်စလင်ပညာရှင်ကြီးတွေက သိရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စဟာ စက်လုံးဆိုင်ရာ ဘူမိဗေဒ ဒါမှမဟုတ် စက်လုံးတစ်ခုရဲ့ မျက်နှာပြင်နဲ့ပတ်သက်တဲ့ ဂျီသြမေတြီကို ဆန်းသစ်ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လုံးဆိုင်ရာ ဂျီသြမေတြီပညာရပ်ကို ပထမဆုံး ဖော်ထုတ်ခဲ့သူက ၉ ရာစု ဘဂ္ဂဒတ်မှာ ကျော်ကြားခဲ့တဲ့ မွတ်စလင်ပညာရှင် အလ်-ကင်ဒီ (Al-Kindi) ဖြစ်ပြီး သူရဲ့ နက္ခတ္တဗေဒဆိုင်ရာ လေ့လာမှုတွေမှာ ဒီပညာရပ်ကို ထဲထဲဝင်ဝင် သုံးစွဲခဲ့ပါတယ်။

width=200

အလ်-ကင်ဒီ

စက်လုံးဆိုင်ရာ ဂျီသြမေတြီပညာရပ်ဟာ မွတ်စလင်တွေ ၀တ်ပြုတဲ့အခါ မျက်နှာမူရာအရပ် ‘ကစ်ဘလာ’ ကို ရှာဖွေရာမှာလည်း လိုအပ်ခဲ့ပြီး ကမ္ဘာ့ ဘယ်နေရာကနေမဆို ကစ်ဘလာရှာနိုင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့သူက မွတ်စလင်ပညာရှင်ကြီး အလ်-ဘီရူနီ (Al-Biruni) ဖြစ်ပါတယ်။ အလ်-ဘီရူနီဟာ အရာအားလုံးကို ထဲထဲဝင်ဝင် လေ့လာသူဖြစ်ပြီး သူ့ခေတ်သူ့အခါရဲ့ လီယိုနာဒို ဒါ ဗင်ချီ (Leonardo da Vinci ) လို့ သမုတ်ခံရသူပါ။ လနဲ့ပတ်သက်လို့ သက္ကရာဇ် ၉၉၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ အလ်-ဘီရူနီဟာ ဒီနေ့ ဥဇဘက်ကစ္စတန်မှာရှိနေတဲ့ ကက်သ်မြို့ (Kath) မှာ နေကြတ်မှုကို တွက်ချက်ပြနိုင်ခဲ့ပါတယ်။ ဒီနေကြတ်မှုကို ဘဂ္ဂဒတ်ကနေလည်း တွေ့မြင်ခဲ့ရပြီး ဘဂ္ဂဒတ်မှာ သွားကြည့်ဖို့ကိုတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် နက္ခတ္တဗေဒပညာရှင် အဘူ အလ်-၀ါဖာ အလ်-ဘူဇ်ဂျာနီ (Abu Al-Wafa al-Buzjani) ကို စီစဉ်ပေးခဲ့ပါတယ်။ ဒီနေကြတ်မှုအချိန်ကို နှိုင်းယှဉ်ပြီးတော့ သူတို့နှစ်ဦးဟာ မြို့တွေ့ရဲ့ မတူညီတဲ့ လောင်ဂျီကျုတွေကို ဖော်ထုတ်သတ်မှတ်နိုင်ခဲ့ပါတယ်။

အလယ်ခေတ်တုန်းက လကြည့်ဖို့နဲ့ လ၀င် လထွက် မှတ်တမ်းတင်ဖို့ဟာ တကယ့်ကို ဂရုတစ်စိုက် လုပ်ကြရတဲ့အလုပ်မျိုး ဖြစ်ပြီး လေ့လာလို့မကုန်နိုင်တဲ့ ရင်းမြစ်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီလို လေ့လာမှုကနေတစ်ဆင့် မွတ်စလင်ပညာရှင်ကြီးတွေဟာ လရဲ့ ရွေ့လျားမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး အရာအားလုံးဟာ အစီအစဉ်အတွင်း သွားလာလှုပ်ရှားနေကြတယ်ဆိုတဲ့ သူတို့ရဲ့ အယူအဆလည်း ပိုမို ခိုင်မာလာခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေကနေ ဟစ်ဂ်ျရီပြက္ခဒိန်ကို တည်ဆောက်အသုံးပြုခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၁၄၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်



The post လကမ္ဘာလေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၉) appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top