15 May 2016

ဖလားလက်လွှတ်ရသော်လည်း အသင်းသားများအတွက် ရီးယဲလ်နည်းပြ ဂုဏ်ယူနေ

12:09 pm - By Unknown 0

မေ ၁၅၊ ၂၀၁၆
M-Media

zidane

– ရီးယဲလ်အနေဖြင့် လာလီဂါဖလား မရရှိခဲ့သော်လည်း အသင်းသားများ၏ နောက်ဆုံးအချိန်အထိ အားထုတ်ကြိုးပမ်းမှုကို နည်းပြ ဇီဒိန်းက ချီးကျူးဂုဏ်ပြုလိုက်သည်။

ယမန်နေ့က ကစားခဲ့သည့် လာလီဂါနောက်ဆုံးပွဲစဉ်တွင် ရီးယဲလ်မှာ ရော်နယ်ဒို၏ သွင်းဂိုး ၂ ဂိုးဖြင့် ဒီပို့တီဗိုအား အနိုင်ရရှိခဲ့သော်လည်း ဘာစီလိုနာက ဆွာရက်ဇ်၏ ဟက်ထရစ်ဖြင့် ဂရာနာဒါကို အနိုင်ရရှိခဲ့သောကြောင့် ရီးယဲလ်အား ၁ မှတ်ဖြတ်ကာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

သို့သော်လည်း ဧပြီလအထိ ဘာစီလိုနာနှင့် ၁၀ မှတ်ကွာဟနေရာမှ ယခုကဲ့သို့ သူတင်ကိုယ်တင်ဖြစ်လာအောင် အားထုတ်ကြိုးပမ်းခဲ့သည့် အသင်းအား ဇီဒိန်းက အကောင်းမြင်ခဲ့သည်။

“(ဖလားမရတဲ့အတွက်) စိတ်ပျက်တာပေါ့ဗျာ။ ဒါပေမယ့် ဘောလုံးလောကဆိုတာ ဒီလိုပါပဲ။ လုပ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့တယ်။ ဒါကသာ အရေးကြီးတာပါ။ အခုတော့ ကျွန်တော်တို့ဟာ နောက်ဆုံးကျန်နေတဲ့ပွဲ (အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ) အကြောင်းသာ ခေါင်းထဲထည့်ထားပါတယ်။ နောက်ဆုံးမှာ ဘာစီလိုနာရဲ့ နှာတစ်ဖျားသာမှုကို ကျွန်တော်တို့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ သူတို့ အမှတ်ပေးဖလား ရခဲ့တယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်” ဟု ဇီဒိန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ကစားသမားများအားလုံးအတွက် မိမိအနေဖြင့် ကျေနပ်မိပြီး အလွန်ဂုဏ်ယူမိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

Ref: Goal



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top