28 October 2016

ဖိနပ်သားရေ၊ တာယာဟောင်းများနှင့် သတိပြုရတော့မည့် Bubble tea လက်ဖက်ရည်

2:22 pm - By Unknown 0

အောက်တိုဘာ ၂၈၊ ၂၀၁၆
M-Media

bubble-tea

– တရုတ်နိုင်ငံတစ်ဝှမ်းမှာ လူကြိုက်များတဲ့ သောက်စရာတစ်ခုဖြစ်တဲ့ bubble tea မှာ ပါဝင်တဲ့ အလုံးလေးတွေဟာ ဖိနပ်အောက်ခံ သားရေတွေ၊ တာယာအဟောင်းတွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်နိုင်တယ်လို့ တရုတ်ဒေသတွင်း ရုပ်သံတစ်ခုဖြစ်တဲ့ Shandong Television က မကြာသေးမီကပဲ ဖော်ထုတ်လိုက်ပါတယ်။

Life Help လို့ ခေါ်တဲ့ အစီအစဉ်ကနေ ဖော်ထုတ်လိုက်တာဖြစ်ပြီး သတင်းထောက်က နိုင်ငံအရှေ့ပိုင်း ရှန်ဒုန်းပြည်နယ် ကျင်းဒေါင်မြို့မှာ pearl milk tea တစ်ခွက်ကို ၀ယ်သောက်ပြီးတဲ့နောက် အနီးအနားကဆေးရုံမှာ CT စကန် ရိုက်ရာမှာတော့ ၀မ်းဗိုက်ထဲမှာ ဒီပီလောပီနံအလုံးလေး (tapioca pearl) တွေဟာ အစာမကြေတာကို သွားတွေ့ခဲ့ရပါတယ်။

Qingdao တက္ကသိုလ်ရဲ့ ဓာတ်တုဗေဒ စမ်းသမ်းစစ်ဆေးမှုစင်တာက သိပ္ပံပညာရှင်တွေဟာ ဒီအလုံးလေးတွေကြောင့် အခက်ကြုံခဲ့ရပါတယ်။ ဒီအလုံးတွေကို ဘာနဲ့လုပ်တယ်ဆိုတာ မပြောနိုင်ပေမယ့် အလွန်စေးကပ်တဲ့ အရာတွေဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ctအစာအိမ်ထဲမှ အစာမကြေသည့် အလုံးလေးများ

နောက်ပိုင်း မြို့တစ်ဝှမ်းက ဒီလက်ဖက်ရည်ရောင်းချတဲ့ ဆိုင်မန်နေဂျာတွေကို အင်တာဗျူးတဲ့တဲ့အခါမှာလည်း သူတို့ဟာ အဲဒီ လက်ဖက်ရည်ထဲက အလုံးလေးတွေကို ဘာနဲ့ ပြုလုပ်ထားတယ်ဆိုတာ သိပုံ မပေါ်တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဆိုင်တစ်ဆိုင်က အမည်မဖော်လိုသူတစ်ဦးကတော့

“အဲဒီအလုံးတွေအားလုံးကို ဓာတုစက်ရုံမှာ လုပ်တာဖြစ်ပါတယ်။ ကိုယ်ပိုင်အမြင်ကိုပြောရရင် အဲဒါတွေအားလုံးကို ဖိနပ်အောက်ခံသားရေတွေ တာယာအဟောင်းတွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဂျာမနီတက္ကသိုလ်တစ်ခုက Bubble Tea မှာပါဝင်တဲ့ ပီလောပီနံ အလုံး (tapioca ball) ဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်းမှာ pearl milk tea ဒါမှမဟုတ် Bubble tea လို့ သိကြတဲ့ အဲဒီ လက်ဖက်ရည်တွေကို လူကြိုက်များမှုဟာ ထိုးကျသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက မြို့ကြီးတွေမှာ အဲဒီ လက်ဖက်ရည်ဆိုင်တွေဟာ ဆက်ရှိနေခဲ့ပါတယ်။

Shandong Television က အခုလိုဖော်ထုတ်မှုအရ ဒီ Bubble tea မှာ ပါဝင်တဲ့ ပီလောပီနံ အလုံးတွေဟာ ဖိနပ်သားရေ၊ ကားတာယာတို့နဲ့ ပြုလုပ်ထားတယ်ဆိုတာကို အပြည့်အ၀ သက်သေမပြနိုင်ပေမယ့် ဒီသတင်းက Bubble Tea လုပ်ငန်းအတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်နေပါတော့တယ်။

Ref : hongkongfp

The post ဖိနပ်သားရေ၊ တာယာဟောင်းများနှင့် သတိပြုရတော့မည့် Bubble tea လက်ဖက်ရည် appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top