27 July 2014

ယောင်းမမြင်းစီး ထွက်သူများ (ပြည်သူ့ အသံ)

9:39 pm - By Unknown 0

ဇူလိုင် ၂၆ ၊ ၂၀၁၄
M-Media
ပေးပို့သူ - သီဟ



မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာန၏ ယခုနှစ် လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံ၏ အနာဂတ်တွင် မျိုးချစ်များ မပေါ်ပေါက်ရေးကို ကြိုးပမ်း လုပ်ဆောင်နေကြောင်း ပေါ်လွင်လျှက်ရှိပါသည်။

အကြောင်းမှာ ၂၀၁၄/၂၀၁၅ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်း၏ မြန်မာစာဖတ်စာအုပ်တွင် ယခင်က သင်ကြားခဲ့သော အနှစ်သာရပြည့်ဝသော သင်ခန်းစာများကို ဖယ်ရှားလိုက်ခြင်းကြောင့် ဖြစ်ပါသည်။

ဖယ်ရှားလိုက်သော သင်ခန်းစာ ခေါင်းစဉ်များတွင် လွတ်လပ်ရေးနေ့အကြောင်း၊ အမျိုးသားနေ့အကြောင်း၊ လာဘ်ပေးလာဘ်ယူ တို့ရန်သူ နှင့် အကျင့်စာရိတ္တကောင်းအောင် လမ်းညွှန်သော သင်ခန်းစာများ ပါဝင်လျှက်ရှိသည်ကို ကြောက်မက်တုန်လှုပ်ဖွယ်ရာ သိရှိရပါသည်။

ဤလုပ်ရပ်ကို သုံးသပ်ပါက လက်ရှိပညာရေးဝန်ကြီးဋ္ဌာနသည် အနာဂတ်လူငယ်များ အမျိုးသားစိတ်ဓါတ်၊ တော်လှန်ရေးစိတ်ဓါတ် ပပျောက်စေရန်နှင့် အကျင့်စာရိတ္တ ပျက်ပြားသော လာဘ်လာဘကို မျှော်ကိုးသူများ ပေါ်ထွက်လာရန် ရည်ရွယ်သည်ဟု ယူဆနိုင်သည်။

နောက်တစ်နည်း ဝေဖန်သုံးသပ်ပါက လက်ရှိအာဏာပိုင်များသည် လွတ်လပ်ရေးနှင့် အမျိုးသားရေးကို မုန်းတီးသူများဖြစ်ကာ အကျင့်စာရိတ္တ ပျက်ပြားသော လာဘ်စားသူများ ဖြစ်ပါကြောင်း ၀န်ခံရာရောက်ပေသည်။

သို့ဖြစ်ပါသောကြောင့် အနာဂတ် မြန်မာလူငယ်များ မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေး၊ နယ်ချဲ့တွန်းလှန်ရေး၊ အမျိုးသားရေး စရိုက် လက္ခဏာများ ပေါ်ထွန်းရေးမှာ ပြည်သူပြည်သား အားလုံး ၏ တာဝန်ကြီးတစ်ရပ် အဖြစ် မှတ်ယူလုပ်ဆောင်ကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

Photo-Internet

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top