အောက်တိုဘာ ၁၈၊ ၂၀၁၆
M-Media
– ဂွါဒီယိုလာလက်အောက် မန်စီးတီးအသင်းမှာ ဘာစီလိုနာအသင်းနှင့် အလွန်တူလာသည်ဟု ဘကာနောက်ခံလူ ဂျရတ်ပီကေးက ပြောကြားလိုက်သည်။
ဘိုင်ယန်အား စွန့်ခွာခဲ့သည့် ဂွါဒီယိုလာမှာ ယခုနှစ်ဘောလုံးရာသီတွင် မန်ယူနျူယဲလ် ပယ်လီဂရီနီ၏ နေရာကို အစားထိုးကာ မန်စီးတီးအား ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ ဘာကာနည်းပြဟောင်းလည်းဖြစ်သည့် ဂွါဒီယိုလာမှာ ချန်ပီယံလိဂ် အုစ်စုပွဲစဉ်အဖြစ် နျူးကမ့်တွင် အသင်းဟောင်းအား ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။
ပီကေးကမူ ဂွါဒီယိုလာမှာ မန်စီးတီးအပေါ် သိသိသာသည့် သက်ရောက်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
“ဒီပွဲတွေက ပွဲကြီးပွဲကောင်းတွေပါ။ ကျွန်တော်တို့ ရေကုန်ရေခန်း ပေးဆပ်ရမယ့် ပွဲတွေပါ။ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီး ကွဲပြားခြားနားတဲ့ မန်စီးတီးကို ကျွန်တော်တို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပက် (ဂွါဒီယိုလာ) က တာဝန်ယူပြီးတဲ့နောက်မှာ ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ စီးတီးဟာ မနှစ်ကနဲ့ မတူဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ရဲ့ ကစားပုံက ခြားနားသွားပါပြီ။ ဖိအားကောင်းကောင်းပေးနိုင်တယ်။ ကျွန်တော်တို့လိုပဲ ကစားဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ ပက်က ကျွန်တော်တို့လိုပဲ ဘောလုံးအကြောင်းကို နားလည်တယ်။ သိပ်ပြီး ကြည့်ကောင်းမယ့်ပွဲပါပဲ။ ကျွန်တော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပီကေးက ပြောကြားခဲ့သည်။
Ref: Goal
Related Posts
- ကိုဆိုဗိုအတွက် ကစားပေးရန် ဇာကာကို အာဆင်နယ်ပရိတ်သတ်များ တိုက်တွန်း (Aug 18, 2016)
- ပရိသတ်တွေကို ရေခဲမုန့်လုပ်ကြွေးတဲ့ ပေါ့ဘာ (Aug 16, 2016)
- ချန်ပီယံ အရှုံးနဲ့စဖွင့်ပြီး နည်းပြသစ်များ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ (Aug 15, 2016)
- အသင်းလိုက်အစွမ်းပြရန် ကစားသမားများကို လက်စတာနည်းပြ တိုက်တွန်း (Aug 14, 2016)
- ယခုနှစ် ဘောလုံးရာသီကို အသင်းအတွက် သမိုင်းတွင်မည့်ရာသီအဖြစ် ကလော့ပ်မျှော်လင့် (Aug 12, 2016)
- ပေါ့ဘာမှာ ဆယ်စုနှစ်တစ်ခုအထိ မန်ယူတွင် တောက်ပမည်ဟု မော်ရင်ဟိုပြော (Aug 9, 2016)
- အချိန်တိုအတွင်းအောင်မြင်မည့်နည်းလမ်းကို ဂွါဒီယိုလာ ထုတ်ဖော် (Aug 7, 2016)
- မိမိတို့မှာ ချယ်ဆီးကဲ့သို့ ခြေချော်မည်မဟုတ်ဟု လက်စတာနည်းပြ ပြော (Aug 6, 2016)
- မန်ယူ၏ ရာသီအကြိုခြေစမ်းပွဲ စီစဉ်မှုကို မော်ရင်ဟို ဝေဖန် (Aug 4, 2016)
- စိန်ခေါ်မှုများကိုနှစ်သက်၍ ပရီးမီးယားလိဂ်သို့ ထိပ်တန်းနည်းပြများ လာရောက်ခြင်းဟု ကလော့ပ်ပြော (Aug 2, 2016)
0 comments:
Note: only a member of this blog may post a comment.