သြဂုတ် ၁၉၊ ၂၀၁၆
M-Media
– ဟစ်ဂျရီခုနှစ် ၁ ရာစုမှ ၅ ရာစုအအကြား အစ္စလာမ့်ခေတ်ဦးတွင် တည်ရှိခဲ့သည့် ရှေးဟောင်း ဗလီဝတ်ကျောင်းတော်ကြီး၏ ဗိသုကာဆိုင်ရာ အမွေအနှစ်များကို ဆော်ဒီရှိ ရှေးဟောင်းသုတေသနအဖွဲ့တစ်ခုက တွေ့ရှိခဲ့သည်ဟု သိရသည်။
ဆော်ဒီနှင့် ပြင်သစ်တို့မှ သိပ္ပံပညာရှင်နှင့် ကျွမ်းကျင်သူ ၁၈ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါအဖွဲ့မှာ ရီယာ့ဒ်မြို့အနီး အလ်-ခါ့ဂ်ျဒေသရှိ ယာမာမာဟ် ရှေးဟောင်းနေရာတစ်ခုတွင် ထိုဗလီဝတ်ကျောင်းတော်အား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုခန်းမ ၃ ခု၊ ရှေ့ဆောင်အီမာမ် ဦးဆောင်ဦးသည့်နေရာ (မဟ်ရဘ်) နှစ်ခု၊ လဟာပြင်ဝတ်ပြုဆောင်တစ်ခုတို့ ပါဝင်သည်။
ထိုဗလီတွင် မက္ကာမြို့ရှိ ကအ်ဗဟ်ဝတ်ကျောင်းတော်နှင့် မဒီနာမြို့ရှိ တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်တို့အပြီး အာရေဗျကျွန်းဆွယ်တွင် တတိယအကြီးဆုံးဖြစ်နိုင်သည့် လက္ခဏာများကိုလည်း တွေ့ရသည်။ ဗိသုကာဆိုင်ရာ စစ်တမ်းများအရ ရီယာ့ဒ်နှင့် ၀ါဒီ အလ်-ဒါဝါစီရ် မြို့အကြားတွင် အခြားသော အစ္စလာမ့်ဆိုင်ရာ ရှေးဟောင်းနေရာ ၅ ခုကို တွေ့ရှိခဲ့ရသည်ဟု Asharq Al-Awsat သတင်းစာတွင် ဖော်ပြထားသည်။
ရှာဖွေမှုလုပ်ငန်းစဉ်၏ ရလဒ်များအရ ရှေးဟောင်းကျောက်ခေတ်ကို ရည်ညွှန်းနိုင်သည့် နေရာများကိုလည်း တွေ့ရှိခဲ့ရပြီး ထိုဒေသတွင် ထိုကဲ့သို့ တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။
Ref : IINA
Related Posts
- နာမ်ပိုင်းဆိုင်ရာ ဆေးဆရာများကို ဆော်ဒီက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည် (Apr 23, 2016)
- လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့် (Apr 18, 2016)
- ဆော်ဒီတွင် ၄ လအတွင်း အစ္စလာမ်ကိုလက်ခံသူ အမျိုးသမီး ၄၀၀ အထိ ရှိခဲ့ (Apr 15, 2016)
- ဆော်ဒီကျောင်းသူတစ်ဦး ကုလလူငယ်သံတမန်အဖြစ် ရွေးချယ်ခံရ (Apr 11, 2016)
- အီဂျစ်နှင့်ဆော်ဒီတို့ နိုင်ငံချင်းဆက်တံတား တည်ဆောက်မည် (Apr 9, 2016)
- မဒီနာအစ္စလာမ့်တက္ကသိုလ်၏ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပြပွဲတွင် မြန်မာနိုင်ငံမှ ၀င်ရောက်ပြသ (Apr 1, 2016)
- အိမ်မွေး တိရစ္ဆာန်များ စောင့်ရှောက်ပေးသည့် ရွေ့လျား လုပ်ငန်း တစ်ခုကို ဆော်ဒီ အမျိုးသမီးများ စတင် (Mar 30, 2016)
- အကြမ်းဖက်ဆန့်ကျင်ရေး ပညာပေးဇာတ်လမ်းတိုတစ်ခု ဆော်ဒီထုတ်ပြန် (Mar 16, 2016)
- ကမ္ဘာ့အကြီးဆုံး အမိုးရှင် မက္ကာတွင်တပ်ဆင် (Mar 15, 2016)
- ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးညီလာခံကို မက္ကာတွင် ကျင်းပ (Mar 9, 2016)
0 comments:
Note: only a member of this blog may post a comment.