5 November 2015

အစိုးရယန္တရားတွင် ခြစားမှုအဆုံးသတ်ရေး ရိုမေးနီးယားပြည်သူများ ဆန္ဒပြ

4:04 pm - By Unknown 0

နိုဝင်ဘာ ၅၊ ၂၀၁၅
M-Media

rmna

– အင်္ဂါနေ့ ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ် ဗစ်တာ ပွန်တာ ယမန်နေ့က နှုတ်ထွက်ခဲ့သော်လည်း အစိုးရအဖွဲ့အတွင်း လာဘ်စားမှုများကို အဆုံးသတ်ရေးအတွက် ယမန်နေ့က နိုင်ငံတစ်ဝှမ်းတွင် ရိုမေးနီးယားပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

မြို့တော်ဘူခါရက်တွင် ပြုလုပ်သည့် ဆန္ဒပြမှုအတွင်း ပြည်သူ ၃ သောင်းကျော် ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ အခြားသော အဓိကမြို့ကြီးများတွင်လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ယခုတစ်ပတ် အစောပိုင်းက ဘူခါရက်ရှိ နိုက်ကလပ်တစ်ခုတွင် မီးလောင်ကာ လူ ၃၂ ဦး သေဆုံးခဲ့သည့် အဖြစ်အပျက်ကို မကျေနပ်သည့်အတွက် အင်္ဂါနေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ်ပွန်တာ ဦးဆောင်သည့် အစိုးရက နှုတ်ထွက်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုနှုတ်ထွက်ခြင်းမှာ နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲမှု စတင်ခြင်းသာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားတွင် အလွန်အမင်း လာဘ်စားမှုများ ရှိနေသည်ဟု ရိုမေးနီးယားပြည်သူများက မှတ်ယူနေကြသည်။

“ကျွန်တော်တို့ဟာ ခြစားမှု၊ ခြစားသူတွေနဲ့ သူတို့တွေကို ကာကွယ်ပေးနေတဲ့ စနစ်ကြီးကို ပထမဆုံး ဆန့်ကျင် ဆန္ဒပြကြတပါ။ အဲဒီစနစ်က ခြစားသူတွေကို သူတို့ဟာသူတို့ မဖယ်ရှားဘူးဆိုရင် ပြည်သူတွေက သူတို့ရဲ့လက်နဲ့ တရားမျှတမှုကို ရှာဖွေရပါလိမ့်မယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: Aljazeera

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top