12 August 2017

နယ်စပ်မှ စစ်သားများမထွက်ပေးလျှင် စစ်တိုက်မည်ဟု ကမ္ဘောဒီးယားက လာအိုကို ရာဇသံပေးထား

4:30 am - By Unknown 0

သြဂုတ် ၁၁၊ ၂၀၁၇
M-Media

width=552

ကမ္ဘောဒီးယား စစ်သည်များ

– နယ်စပ်ကိုကျော်၍ ၀င်ရောက်နေသည့် လာအိုစစ်သားများအား ၆ ရက်အတွင်း ထွက်သွားရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟန်ဆန်က ရာဇသံပေးထားပြီး သို့မဟုတ်ပါက စစ်အရေးအရ တုန့်ပြန်မှုကို ရင်ဆိုင်ရမည်ဟု ဆိုသည်။

ကမ္ဘောဒီယားစစ်သား ၃၀ ခန့်မှာ ဧပြီလက မြောက်ပိုင်း စတွန်ဂ် ထရန်းပြည်နယ်သို့ ၀င်ရောက်ခဲ့ပြီး မိမိတို့အစိုးရက ထွက်သွားရန် အကြိမ်ကြိမ်ပြောကြားထားသော်လည်း ဂရုမစိုက်ကြောင်း၊ လာအိုအစိုးရနှင့်လည်း ထိုကိစ္စအတွက် ပြောဆိုထားကြောင်း ဟန်ဆန်က ဆိုသည်။

“ကမ္ဘောဒီးယားပိုင်နက်ကနေ ခြွင်းချက်မရှိ တပ်တွေထွက်သွားဖို့ ကျွန်တော် လာအိုဝန်ကြီးချုပ် သောင်လွန် ဆီဆိုလစ်ကို မေတ္တာရပ်ခံထားပါတယ်” ဟု ယနေ့တွင် မြို့တော်ဖနွမ်းပင်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

နယ်စပ်တွင် တပ်များ၊ ဒုံးကျည်လောင်ချာများ ချထားရန် တပ်မှူးများကို ဟန်ဆန်က အမိန့်ပေးထားပြီး၊ လာအိုအား သြဂုတ် ၁၇ ရက်နေ့ နောက်ဆုံးထား၍ တပ်များထွက်သွားရန်လည်း ရာဇသံပေးထားသည်။

“ကျွန်တော်တို့က မိတ်ဆွေတွေပါ။ မိတ်ဆွေဆိုပေမယ့်လည်း ခေါင်းတော့ လာနင်းလို့ မရဘူးလေဗျာ။ စစ်မဖြစ်ချင်ပါဘူး။ ဒါပမယ့် ကိုယ့်မြေကို ပြန်လိုချင်တယ်”

လာအိုနှင့် ကမ္ဘောဒီးယားတို့မှာ နယ်စပ်ချင်း ၅၄၀ ကီလိုမီတာ ထိစပ်နေပြီး နေရာအများအပြားမှာ တရားဝင် ပိုင်းခြားသတ်မှတ်ထားခြင်း မရှိသောကြောင့် ပိုင်နက်အငြင်းပွားမှုများ ရှိနေသည်။ ယခုကိစ္စနှင့်ပတ်သက်၍ လာအိုဘက်မှ မည်သည့်တုန့်ပြန်မှုမျိုးမှ မပြုလုပ်သေးပေ။

ထို့ပြင် လာအိုနယ်စပ်မှာ မူးယစ်ဆေးဝါးလုပ်ငန်း တွင်ကျယ်ရာနေရာဖြစ်ပြီး ထိုမှတစ်ဆင့် ကမ္ဘောဒီးယားသို့ ၀င်ရောက်လျက်ရှိနေသည်။

Ref: Aljazeera

 



The post နယ်စပ်မှ စစ်သားများမထွက်ပေးလျှင် စစ်တိုက်မည်ဟု ကမ္ဘောဒီးယားက လာအိုကို ရာဇသံပေးထား appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top