18 June 2015

တူရကီ၏ ထင်ရှားသည့် သမ္မတဟောင်း ကွယ်လွန်

7:48 am - By Unknown 0

ဇွန် ၁၇၊ ၂၀၁၅
M-Media
– တူရကီနိုင်ငံ၏ သမ္မတောင်းဖြစ်ပြီး နိုင်ငံရေးတွင် ရာစုနှစ်ဝက်ကြာ ထင်ရှားကျော်ကြားခဲ့သော ဆူလေမန် ဒီမီရဲလ်မှာ ကွယ်လွန်သွားခဲ့ပြီဟု နိုင်ငံပိုင် Anatolia သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အသက် ၉၀ ရှိပြီဖြစ်သည့် ဒီမီရဲလ်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၂ နာရီ ၅ မိနစ်တွင် အန်ကာရာရှိ Guven ဆေးရုံ၌ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒီမီရဲလ်မှာ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်များတွင် ၀န်ကြီးချုပ်တာဝန်ကို အကြိမ်များစွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဒီမီရဲလ်၏ အစိုးရများမှာ တိုင်းပြည်၏ စီးပွားရေးနှင့် လူအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး စက်မှုလုပ်ငန်းများ၊ မြို့ပြစနစ်များကို အကောင်အထည်ဖော်ခဲ့ကာ တူရကီနိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းကို မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ဝေဖန်သူများကမူ ဒီမီရဲလ်မှာ ချစားမှုကို အမြစ်တွယ်စေခဲ့သည်ဟု ဆိုသည်။
အဒ်နန် မန်ဒီရက်စ်အစိုးရအား ၁၉၆၀ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမီရဲလ်မှာ နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ အရွယ်တွင်ပင် Justice ပါတီ၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
ထို့နောက် နိုင်ငံရေးလောကတွင် အချိန်တိုတိုအတွင်း တစ်ဆင့်တစ်ဆင့် တက်လှမ်းလာခဲ့ကာ ၁၉၆၅ ခုနှစ်တွင် ၀န်ကြီးချုပ်အဖြစ် အပြတ်အသတ် ရွေးချယ်ခြင်းခံခဲ့ရသည်။
Ref: Aljazeera
http://www.m-mediagroup.com/news/42246

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top