1 November 2016

ဒေါ်အောင်ဆန်းစုကြည်ထံ အွန်လိုင်းမှ တဆင့် စာပို့ပြီး ဘယ်လိုတိုင်ကြားမလဲ

4:37 pm - By Unknown 0

နိုဝင်ဘာ ၁ ၊ ၂၀၁၆
M-Media
သီဟ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝက်ဘ်ဆိုဒ်မှ တစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ သို့  ပြည်သူလူထုမှ တင်ပြစာပေးပို့၍ ဆက်သွယ်နိုင်ကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ သတင်းထုတ်ပြန်ပါတယ်။

လုပ်ဆောင်ရမယ် အဆင့် များက တော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသို့ အွန်လိုင်းမှ တင်ပြစာ တင်ပြလိုလျှင် လုပ်ဆောင်ရန် အဆင့်များ (ဖုန်းဖြင့် SMS Verification လုပ်ရန် လိုအပ်ပါသည်)

ပေးပို့ရမည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အဆင့် (၁) http://www.statecounsellor.gov.mm/ ကို ဖွင့်လိုက်ပါ။

(မိုဘိုင်းဖုန်းဖြင့် ဖြစ်စေ၊ အခြားကွန်ပျူတာဖြင့် ဖြစ်စေ ဖွင့်လှစ်ရန်)

14956595_908068915993992_6018571378356739693_n

အဆင့် (၂) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံပေးစာ (စာအိတ်ပုံအမှတ်အသား) ကို နှိပ်လိုက်ပါ။

14915371_908068949327322_8552415356419991877_n

အဆင့် (၃) ပေးစာကဏ္ဍအတွက် ဖြည့်သွင်းရမည့် အချက်အလက်များ ဖြည့်သွင်းရန် Box ပေါ်လာပါမည်။

အမည်၊ အီးမေးလ်လိပ်စာ၊ တိုင်းဒေသကြီး/ပြည်နယ်၊ စာအမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ ဖုန်းနံပတ်၊ ခေါင်းစဉ်၊ အကြောင်းအရာ၊ စာတွဲ (တွဲရန်ရှိလျှင်) စသည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပါ။

(ဖုန်းနံပါတ် နေရာတွင် သင့်ဖုန်းထံသို့ SMS ပေးပို့မည်ဖြစ်ပါသဖြင့် သင် လက်ရှိအသုံးပြုနေသည့် မိုဘိုင်းဖုန်းကိုသာ ဖြည့်စွက်ရန်နှင့် MPT အသုံးပြုပါက ၀၉ မှစဖြည့်ရန် (+9509)နှင့် Ooredoo/ Telonor အသုံးပြုပါက ၉ မှ စဖြည့်ရန် (+959))

အချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မည်။ အထူးသဖြင့် မိုဘိုင်းဖုန်းနံပတ် မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။

ယင်းနေရာတွင် ဖြည့်သွင်းသော မိုဘိုင်းဖုန်းသို့ SMS Code ပေးပို့မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ နောက်တစ်ဆင့်တွင် အဆိုပါ ပေးပို့လာသော Code နံပါတ် ဖြည့်သွင်းရမည် ဖြစ်ပါသည်။

14938369_908068962660654_1515954862438684732_n

အဆင့် (၄) သင့်မိုဘိုင်းဖုန်းသို့ Verification Code နံပါတ်ပါသော SMS ၀င်လာမည်။

(မိုဘိုင်းဖုန်းနံပတ် မှားယွင်း ဖြည့်သွင်းထားပါက ပေးပို့သော SMS Code ရရှိမည် မဟုတ်ပါ)

14595816_908068969327320_948473270540464688_n

အဆင့် (၅) သင့်မိုဘိုင်းဖုန်းတွင် ဝင်ရောက်လာသော ကုဒ်နံပါတ် ကို ဖြည့်စွက်၍ ပြန်လည်ပေးပို့ပါ။

14925544_908069022660648_6732199264057187294_n

အဆင့် (၆) လုပ်ဆောင်ချက်များ အားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်များ ပြီးစီးသွားပါပြီ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဆက်လက်၍ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

14368774_908069112660639_9081005882648502817_n



Related Posts

The post ဒေါ်အောင်ဆန်းစုကြည်ထံ အွန်လိုင်းမှ တဆင့် စာပို့ပြီး ဘယ်လိုတိုင်ကြားမလဲ appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top