23 October 2016

အစ္စလာမ့်နည်းကျဘဏ္ဍာရေးညီလာခံ အာဖရိကတွင် ပြုလုပ်

8:22 pm - By Unknown 0

အောက်တိုဘာ ၂၃၊ ၂၀၁၆
M-Media

africa-islamic

– ဒုတိယအကြိမ်မြောက် အာဖရိက အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးဆိုင်ရာညီလာခံကို အိုက်ဗရီကို့စ်နိုင်ငံတွင် ကျင်းပခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ စီးပွားရေးသမားများ အာဖရိကတွင် ဖွံ့ဖြိုးလာသော အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း ကျင်းပခဲ့ပြီး ၂ ရက်တာ ကြာမြင့်ခဲ့သည့် ညီလာခံတွင် ဈေးကွက်တည်ဆောက်ရေး၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ခြွင်းချက်မဲ့ အလားအလာများ ရှာဖွေရေးကိစ္စများ၊ အာဖရိက၏ အဓိက စီးပွားရေးဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရေး တို့ကို အလေးထား ဆွေးနွေးခဲ့သည်။

အခမ်းအနားကို အိုက်ဗရီကို့စ် ၀န်ကြီးချုပ် ဒန်နီယဲလ် ကဘ်လန် ဒွန်ကန်က ဖွင့်လှစ်ပေးခဲ့ပြီး ပထမနေ့တွင် ၂၀၁၇ ခုနှစ် အစ္စလာမ့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်၊ ရည်မှန်းချက်များ၊ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ပုံစံများ၊ ဒေသတွင်း နိုင်ငံများရှိ ဥပဒေများနှင့် သဟဇာတဖြစ်ရေး၊ လုပ်ငန်းဖွံ့ဖြိုးလာရေးအတွက် လိုအပ်နေသော ပြောင်းလဲမှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယနေ့တွင်မူ အိုက်ဗရီကို့စ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြာင်း ဆွေးနွေးခဲ့ပြီး ညီလာခံနောက်ဆုံးတွင်မူ ဈေးကွက်အတွင်းရှိနေသည့် စိန်ခေါ်မှုများအကြောင်းကို ဆွးနွေးခဲ့ကြသည်။

Ref; IINA

The post အစ္စလာမ့်နည်းကျဘဏ္ဍာရေးညီလာခံ အာဖရိကတွင် ပြုလုပ် appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top