12 August 2015

မန်ယူ၏ ချန်ပီယံလိဂ်လူစာရင်းတွင် ဂိုးသမား ဒီဂီယာ ပါဝင်လာ

11:13 pm - By Unknown 0

သြဂုတ် ၁၂၊ ၂၀၁၅
M-Media

mu

– ရီးယဲလ်သို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့သည့် မန်ယူဂိုးသမား ဒီဂီယာမှာ ချန်ပီယံလိဂ် Play-off ကစားမည့် မန်ယူအသင်း၏ လူစာရင်းတွင် ပါဝင်လာခဲ့သည်။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် စနေနေ့က စပါးနှင့် ကစားခဲ့သည့်ပွဲတွင် ဒီဂီယာမှာ ချန်လှပ်ခြင်းခံခဲ့ရပြီး၊ နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်နှင့် လိပ်ခဲတည်းလည်းဖြစ်နေသည့်အချိန် ဒီဂီယာမှာ ပွဲအတွက် လုံလောက်စွာ အာရုံစိုက်နိုင်မည်ဟုတ်ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

သို့သော်လည်း ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တက်ရောက်နိုင်ရေး ဘလ်ဂျီယံထိပ်သီး ကလပ်ဘရုဂျီနှင့် ကစားရမည့် Play-off ပွဲစဉ်များ၏ လူစာရင်းတွင် ဒီဂီယာမှာ ပြန်လည် ပါဝင်လာခဲ့သည်။

ဒီဂီယာမှာ မန်ယူတွင် ၎င်း၏ နောက်ဆုံးနှစ်ကို ဖြတ်သန်းနေရခြင်းဖြစ်ပြီး မိမိအနေဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့ချင်သည်ဟု မန်ယူအား အတိအလင်း အသိပေးထားသူလည်းဖြစ်သည်။ သို့သော်လည်း နှစ်သင်းစလုံးမှာ ယခုအချိန်အထိ သဘောတူညီမှု မရသေးဘဲ အဓိကပြဿနာမှာ ပြောင်းရွှေ့ကြေး ပြဿနာ ဖြစ်နေသည်။

လက်ရှိအချိန်တွင် မန်ယူအသင်း၏ ဂိုးသမားနေရာတွင် အသစ်ခေါ်ယူထားသည့် ဆာဂျီယို ရိုမဲရိုးသာ တည်တည်ငြိမ်ငြိမ်ရှိနေသည်။ ၎င်းမှာ အဖွင့်ပွဲတွင် စပါးအသင်း၏ အပိုင် ဂိုးသွင်းခွင့် ၂ လုံးကို ကာကွယ်ခြင်းနှင့်အတူ အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့သည်။

Ref: Goal



M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top