စက်တင်ဘာ ၁၇၊ ၂၀၁၆
M-Media
– ဒုက္ခသည်များနှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဥရောပပြည်သူများ၏ ၇၅ ရာခိုင်နှုန်းကျော်က ၎င်းတို့နိုင်ငံများသို့ ပြောင်းရွှေ့လာကြသည့် ဆီးရီးယားဒုက္ခသည်များအပေါ် ကိုယ်ချင်းစာနာကြသည်ကို တွေ့ရှိရပြီး ထိုစစ်တမ်းက ဒုက္ခသည်ဆန့်ကျင်ရေးသမားများကို စိန်ခ်ါလိုက်ခြင်းလည်းဖြစ်သည်။
အဆိုပါ စစ်တမ်းကို Ipsos MORI အဖွဲ့က ဥရောပနိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဖြေကြားသူ ၁၂၀၀၀ ခန့်မှ ၃ ရာခိုင်နှုန်းခန့်သာ ဒုက္ခသည်များမှာ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ယုံကြည်ကြောင်း တွေ့ရှိခဲ့သည်။
“အခုတွေ့ရှိချက်က ဥရောပတိုက်သားတွေဟာ အကြင်နာတရား မခေါင်းပါးတာကို ဖော်ပြနေပါတယ်” ဟု စစ်တမ်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) ၏ စီအီးအို ဒေးဗစ်မီလီဘန်က ပြောကြားခဲ့သည်။
ဥရောပတိုက်မှာ လက်ရှိတွင် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အဆိုးရွားဆုံးသော ရွှေ့ပြောင်းဒုက္ခသည်များ အကြပ်တည်းနှင့် ရင်ဆိုင်နေရချိန်၌ ယခုကဲ့သို့ စစ်တမ်းမျိုး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြားဒေသများမှ စစ်ဘေးရှောင်ပြည်သူများနှင့် ဆင်းရဲမွဲတေသူ တစ်သန်းကျော်ခန့်မှာ ယမန်နှစ်က ဥရောပသို့ ရောက်ရှိခဲ့ကြသည်။
ထိုအထဲတွင် ဆီးရီးယားဒုက္ခသည်များက ၂၈ ရာခိုင်နှုန်း ပါဝင်ခဲ့သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆိုသည်။
Ref : IINA
Related Posts
- ပြောင်းရွှေ့အခြေချသူများကို ပြန်ပို့ခြင်း အလုပ်မဖြစ်ဟု ကုလပြော (May 17, 2016)
- ဖင်လန်မှာ ဒုက္ခသည် ၂ သောင်း ခွဲ ပျောက်ဆုံးနေ (May 15, 2016)
- ကလေးများအပါအ၀င် ဥရောပသို့ဝင်ရောက်လာသည့် ဒုက္ခသည်များ အမြတ်ထုတ်ခံနေရ (Feb 1, 2016)
- ဘက်ဂျက်ပိုငွေ ဒေါ်လာ ၁၃.၁ ဘီလီယံကို ဒုက္ခသည်များကူညီရေး ဂျာမနီသုံးစွဲမည် (Jan 16, 2016)
- ဒုက္ခသည်များ နေရာချထားမှုအတွက် အလာဘားမားပြည်နယ်က ကန်အစိုးရကို တရားစွဲ (Jan 9, 2016)
- နှစ်သစ်တွင် ဂရိကမ်းခြေ၌ ၂ နှစ်သားအရွယ် ဒုက္ခသည်ကလေးငယ်တစ်ဦး ရေနစ်သေဆုံး (Jan 4, 2016)
- ဆီးရီးယားဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၂.၄၄ သန်း ကူညီမည် (Nov 29, 2015)
- ဘော်လ်ကန်ဒေသတွင် ပိတ်မိနေသည့် ဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြ (Nov 24, 2015)
- ဆီးရီးယား ဒုက္ခသည်များကို ဆက်လက် လက်ခံ သွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတပြော (Nov 20, 2015)
- တူရကီတွင် ဒုက္ခသည်သင်္ဘောတစ်စီး တိမ်းမှောက်ပြန် (Nov 12, 2015)
0 comments:
Note: only a member of this blog may post a comment.