30 July 2016

IS အားထောက်ခံသည့် အစွန်းရောက်တစ်ဦးကို စင်ကာပူ ဖမ်းဆီးထိန်းသိမ်း

8:14 pm - By Unknown 0

ဇူလိုင် ၃၀၊ ၂၀၁၆
M-Media

sing

– IS အကြမ်းဖက်အဖွဲ့အား လူသိရှင်ကြားထောက်ခံကာ အခြားသူများအား အစွန်းရောက်စေရန် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးကာ ပြည်တွင်းလုံခြုံရေး အက်ဥပဒေဖြင့် ထိန်းသိမ်းထားသည်ဟု စင်ကာပူနိုင်ငံက ကြေငြာလိုက်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဇူဖီကာရ် မိုဟာမက် ရှရစ်ဖ်ဆိုသူဖြစ်ပြီး ၂ နှစ်ထိန်းသိမ်းထားရန် ဇူလိုင်လအတွင်းက အမိန့်ချမှတ်ခဲ့သည်ဟု စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

ရရှစ်ဖ်မှာ အစွန်းရောက်များက ရေးသားသော ဂျီဟတ်ဝါဒနှင့်စက်ဆက်သည့် စာအုပ်များကို ဖတ်ရှုပြီးနောက် ၂၀၀၁ ခုနှစ်အစောပိုင်းကတည်းက အစွန်းရောက်ခဲ့ခြင်းဖြစ်ပြီး အလ်ကိုင်းဒါးနှင့် ဂျာမေအာ အစ္စလာမ်မီယာတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း ထောက်ခံသူတစ်ဦးဖြစ်သည်ဟု ၀န်ကြီးဌာနက ဆိုသည်။

ထို့ပြင် ၂၀၀၁ ခုနှစ် စက်တင်ဘာ တိုက်ခိုက်မှုပြီးနောက် မွတ်စလင်များအနေဖြင့် အာဖဂန်သို့သွားရန် လက်နက်ကိုင်ကြရန်လည်း လှုံ့ဆော်ခဲ့သူဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ရရှစ်ဖ်မှာ မိသားစုနှင့်အတူ သြစတေးလျသို့ ပြောင်းရွှေ့ခဲ့ပြီး သဘောထားတင်းမာသည့် Hizbu Tahirr အဖွဲ့နှင့် ဆက်သွယ်ခဲ့သည်။ ၎င်း၏ Facebook စာမျက်နှာအရ ၎င်းမှ မဲလ်ဘုန်းရှိ La Trobe တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရသူ တစ်ဦးဖြစ်သည်ဟု သိရပြီး အန်ဝါရ် အလ်-အ၀ါလ်ကီကဲ့သို့ အစွန်းရောက် တရားဟောဆရာများ၏ လွှမ်းမိုးမှုကိုလည်း ခံရသူ
ဖြစ်သည်။

ထို့ပြင် သြစတေးလျနှင့် နိုင်ငံရပ်ခြားရှိ အစွန်းရောက် တရားဟောဆရာများနှင့်လည်း အဆက်အသွယ်ရှိသူဖြစ်သည်။

၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားတွင် စင်ကာပူနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အဖြစ် ပြန်လာခဲ့ပြီး ယခုနှစ်ဇူလိုင် ၁ ရက်နေ့ စင်ကာပူသို့ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရှရှစ်ဖ်မှာ သြစတေးလျနှင့် စင်ကာပူ နိုင်ငံနှစ်ခုစလုံး၏ နိုင်ငံသားခံယူထားသူဖြစ်သည်ဟု စင်ကာပူအာဏာပိုင်များက ပြောကြားခဲ့သည်။

ဖမ်းဆီးမခံရမီ ရှရစ်ဖ်မှာ IS အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံသည့် ပို့စ်များစွာကို Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ပြီး၊ ဘာသာတရားကို အလွဲသုံးစားပြုကာ IS အား တရားဝင်သည့်ပုံစံဖြစ်အောင် ရေးသားမှုများ ပြုလုပ်ခဲ့သည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့အလယ်ပိုင်း၊ ပါလက်စတိုင်း၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံများမှ မွတ်စလင်များအနေဖြင့် လက်နက်စွဲကိုင်ကြရန် ရရှစ်ဖ်က တိုက်တွန်းခဲ့ပြီး၊ ထိုလုပ်ရပ်တွင် ပါဝင်ရန် မွတ်စလင်များအား သွေးဆောင်သည့်အနေဖြင့် ၎င်းတို့၏ မိသားစုများနှင့် တိုက်ခိုက်ရေးသမားများအား ထောက်ပံ့ရေး စနစ်တစ်ခု ဖော်ဆောင်ရန်လည်း အဆိုပြုခဲ့သည်။

ရရှစ်ဖ်ကဲ့သို့ အခြားသော အစွန်းရောက်အတွေးအခေါ်လွှမ်းမိုးသူများကိုလည်း ပြည်တွင်းလုံခြုံရေး အက်ဥပဒေအရ ထိန်းသိမ်းထားသည်ဟု ၀န်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Channelnewasisa



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top