24 September 2016

အစ္စလာမ်နှင့် အကြမ်းဖက်ဝါဒ ဘာမှမဆိုင်ဟု အကြမ်းဖက်မှုမှ လွတ်မြောက်လာသူ ပြော

4:16 pm - By Unknown 0

စက်တင်ဘာ ၂၄၊ ၂၀၁၆
M-Media

is-victim

– ဇူလိုင်လ ၁၄ ရက်နေ့ နိုက်စ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့သူ ယာစမင်း ဘူဇီဂန် မာဇူက အကြမ်းဖက်ဝါဒနဲ့ အစ္စလာမ်သာသနာဟာ ဘာမှမဆိုင်တာကြောင့် ဒီနှစ်ခုနဲ့ပတ်သက်ပြီး မရှုပ်ထွေးကြဖို့ ပြောလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်မွတ်စလင်တစ်ဦးဖြစ်တဲ့ ယာစမင်းဟာ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ မိသားစုဝင် ၃ ဦး ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ သူမက တိုက်ခိုက်မှုကိုပြုလုပ်တဲ့ ဒီအရိုင်းအစိုင်းတွေဟာ ဥပဒေ၊ ဘာသာတရားပြဌာန်းချက်တွေကို လိုက်နာကြသူတွေ မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဇူလိုင် ၁၄ ရက်နေ့ အမျိုးသားနေ့မှာ ကျွန်မတို့ရဲ့ ဘ၀တွေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ မျိုးရိုးစဉ်ဆက်က အစ္စလာမ်ဘာသာဝင်တွေပါ။ (အစ္စလာမ်နဲ့ ဒီတိုက်ခိုက်မှုတွေကို) ဘယ်လိုမှ ဆက်စပ်လို့ မရပါဘူး” လို့ ယာစမင်းက ကြေကွဲဝမ်းနည်းစွာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဝမ်းကွဲ မဟ်ဒီ ဟာချာဒီ တစ်ယောက် အကြမ်းဖက်သမားတွေ မောင်းလာတဲ့ ထရပ်ကားဘီးအောက်မှာ အသက်ပျောက်ခဲ့ရပုံကိုလည်း သူမက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

“တောက်ပတဲ့အနာဂတ် ရှိနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဘ၀ဟာ နှုတ်ယူခံလိုက်ရပါတယ်။ သူဟာ အခြားသူတွေကို လေးစားဖို့၊ သည်းခံမှုရှိဖို့ သွန်သင်တဲ့ အယူဝါဒအောက်မှာ ကြီးပြင်းလာခဲ့ရသူပါ”

ယာစမင်းက ပြင်သစ်သမ္မတ အော်လွန်း၊ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူတွေအနေနဲ့ ဒီ ရိုင်းစိုးင်းကြမ်းကြုတ်တဲ့ အခြေအနေမျိုးတွေ၊ ပြင်သစ်နိုင်ငံသားတွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဘာသာတရားမတူညီမှုကို အသုံးချပြီး အမုန်းမီးမွှေးနေမှုတွေ အားလုံး ရပ်တန့်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တနင်္လာနေ့က အဲဒီ အောက်မေ့ဖွယ်အခမ်းအနားဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ ပြင်သစ်ပြည်သူ ၂၃၀ အတွက် ရည်စူးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Ref: IINA



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top