26 January 2015

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာစစ်တပ်က ကလေးစစ်သား ၄၀၀ ကျော်လွှတ်ပေး

9:00 am - By Unknown 0

ဇန်န၀ါရီ ၂၅၊ ၂၀၁၅
M-Media

tmt

– မြန်မာစစ်တပ်မှာ ပြီးခဲ့သည့်နှစ်အတွင်း ကလေးစစ်သား အရေအတွက်စုစုပေါင်း ၄၀၀ ကျော်ကို လွှတ်ပေးခဲ့သည်ဟု ကုလသမဂ္ဂက အတည်ပြုခဲ့ပြီး ကလေးစစ်သားများ လွှတ်ပေးရေး ၂၀၁၂ ခုနှစ်က ကုလနှင့် မြန်မာ့တပ်မတော်တို့ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း စံချိန်တင်ပမာဏလည်းဖြစ်သည်။

မိုင်းစမ်းရာတွင် အသုံးပြုရန် ကလေးများအား အတင်းအဓ္ဓမ စုဆောင်းသည်ဟူသည့် စွပ်စွဲမှုအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်နေသည်ဟူသော စွပ်စွဲချက်အများအပြား ရှိနေသည့် မြန်မာစစ်တပ်တွင် ကလေးစစ်သား မည်မျှရှိနေကြောင်း အတိအကျမသိရသေးပေ။

၂၀၁၂ ခုနှစ် ကုလနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးကတည်းက မြန်မာစစ်တပ်မှ လွှတ်ပေးခဲ့သည့် ကလေးစစ်သားအရေအတွက်မှာ စုစုပေါင်း ၅၉၅ ဦး ရှိခဲ့ပြီး ထိုအရေအတွက်မှ ၇၀ ရာခိုင်နှုန်းဖြစ်သော ၄၁၈ ဦးမှာ ပြီးခဲ့သည့် ၁၂ လအတွင်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

`အချိန်တစ်နှစ်အတွင်းမှာ စစ်တပ်ကလွတ်လာတဲ့ ကလေးတွေရဲ့ ဒီစံချိန်တင်အရေအတွက်ဟာ ကလေးတွေကို တပ်သားသစ်အဖြစ် စုဆောင်ခြင်း၊ အသုံးပြုခြင်းဆိုတဲ့ ထိခိုက်နစ်နာစေတဲ့ ကျင့်သုံးမှု အဆုံးသတ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်တို့ရဲ့ အရှိန်မြင့်တင်ဆောင်ရွက်မှုကို ရောင်ပြန်ဟပ်နေပါတယ်´ ဟု မြန်မာနိုင်ငံမှ ကုလသမဂ္ဂအရာရှိ ရီနာတာ လော့-ဒက်ဆာလီယန်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

စစ်တပ်မှလွှတ်ပေးခဲ့သည့် အဆိုပါကလေးများမှာ ၁၈ နှစ်အောက်များ ဖြစ်ကြပြီး လူ့အခွင့်အရေးအဖွဲ့များကလည်း စစ်တပ်၏ ထိုလုပ်ရပ်အတွက် ကြိုဆိုခဲ့ကြသည်။ အချို့အဖွဲ့များကမူ မြန်မာစစ်တပ်မှာ ကလေးများအသုံးပြုမှုကို လုံးဝရပ်တန့်ခြင်းမရှိသေးဟု ပြောကြားခဲ့ကြသည်။

ကုလကမူ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များမှ အနည်းဆုံး ၇ ဖွဲ့ကလည်း ကလေးများအား စစ်သားအဖြစ်အသုံးပြုနေကြသည်ဟု ဆိုသည်။

Ref:themalaymail

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top