4 November 2017

အမေရိကန်က စစ်ခေါင်းဆောင်များအပေါ်ပိတ်ဆို့မှု NLDအစိုးရသာ ဒုက္ခရောက်မည်ဟု ဦးဇော်ဌေးပြော

2:40 pm - By Unknown 0

နိုဝင်ဘာ ၃၊ ၂၀၁၇
M-Media

width=453

– ရခိုင်ပြည်နယ်ကိစ္စကြောင့် မြန်မာစစ်တပ်အပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုရင် အရပ်သားအစိုးရက ဗိုလ်ချုပ်တွေနဲ့ အာဏာခွဲဝေရယူထားရမှုကို ထိခိုက်စေလိမ့်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြီးခဲ့တဲ့ လကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး အထက်လွှတ်တော်အမတ်တွေက ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့မှာ မူကြမ်းတစ်ခု တင်သွင်းခဲ့ပါတယ်။

အဲဒီမူကြမ်းမှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ပြီးခဲ့တဲ့နှစ်မှာ ဖယ်ရှားပေးခဲ့တဲ့ ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်ခဲ့ကြတဲ့သူတွေကို ဖော်ထုတ်အရေးယူမှု မပြုလုပ်မချင်း မြန်မာစစ်တပ် တာဝန်ရှိသူတွေအပေါ် ပိတ်ဆို့အရေးယူဖို့၊ ခရီးသွားကန့်သတ်ဖို့၊ စစ်တပ်အပေါ် အမေရိကန်က ပံ့ပိုးကူညီမှု တော်တော်များများကို ရပ်တန့်ထားဖို့ မူကြမ်းမှာ ဖော်ပြထားပါတယ်။

ဦးဇော်ဌေးက တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်ဖို့အတွက် ပြည်တွင်းမှာ တည်ငြိမ်ဖို့လိုကြောင်း၊ နိုင်ငံတကာက ပိတ်ဆို့မှုတွေလုပ်တာဟာ ခရီးသွားတဲ့သူတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေကို တိုက်ရိုက် ထိခိုက်ကာ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန် နိုဝင်ဘာ ၁၅ ရက်နေ့ မြန်မာနိုင်ငံကို လာတဲ့အခါ ရခိုင်ပြည်နယ်ကိစ္စ အစိုးရရဲ့ဆောင်ရွက်ချက်တွေကို မြန်မာဘက်က ရှင်းပြဖို့ ရှိနေကြောင်း သူက ဆိုပါတယ်။

အရပ်သားအစိုးရဟာ စစ်တပ်နဲ့တွဲပြီး အလုပ်လုပ်ဖို့လိုတယ်လို့လည်း ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

“တိုင်းပြည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အစိုးရတစ်ခုတည်းက လုပ်လို့မရပါဘူး။ တပ်မတော်ကလည်း ပါဝင်ဖို့လိုတယ်ဆိုတာ ရှင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အားလုံးကို တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးပြီး သွားရမှာပါ။ ပိတ်ဆို့မှုတွေ၊ ဖိအားတွေက အစိုးရရဲ့အလုပ်ကို ထိခိုက်မှာပါ။ ပိတ်ဆို့မှုတွေလု
ပ်ရင် ရလဒ်ကောင်းထွက်မှာ မဟုတ်ပါဘူး။ အရင်ကလည်း ဒီလိုအတွေ့အကြုံတွေ ရှိပါတယ်”

အမေရိကန်ရဲ့ ဒီပိတ်ဆို့မှုတွေဟာ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေသာမကဘဲ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ထိခိုက်ကာ ရလဒ်ဆိုးတွေသာ ထွက်မှာဖြစ်ကြောင်း ဦးဇော်ဌေးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အထက်လွှတ်တော်က လက်နက်ဆိုင်ရာကော်မတီဥက္ကဌ ရီပက်ဘလစ်ကန်အမတ် ဂျွန်မက်ကိန်း၊ အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီက ဒီမိုကရက်အမတ် ဘင် ကာဒင်တို့လို အမေရိကန် နိုင်ငံရေးပါတီကြီးနှစ်ခုက သြဇာရှိအမတ်တွေကပါ ထောက်ခံထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူရေး မူကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာလည်း တင်သွင်းထားပါတယ်။

အောက်လွှတ်တော်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေအတွက် ပြတ်ပြတ်သားသားတုန့်ပြန်ဖို့ အစိုးရကို တိုက်တွန်းထားတာပါ။

မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref: Reuters



The post အမေရိကန်က စစ်ခေါင်းဆောင်များအပေါ်ပိတ်ဆို့မှု NLDအစိုးရသာ ဒုက္ခရောက်မည်ဟု ဦးဇော်ဌေးပြော appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top