18 January 2016

တင်းနစ်ပြိုင်ပွဲတွင် လုပ်ပွဲကစားသည်ဟု သတင်းများထွက်ပေါ်

10:06 pm - By Unknown 0

ဇန်န၀ါရီ ၁၈၊ ၂၀၁၆
M-Media

tennis

– တင်းနစ်လောကတွင် လုပ်ပွဲပြဿနာများရှိသည်ဟု စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည့်အချိန်တွင် ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား ဂျိုကိုဗစ်က ၎င်း၏ စောစာပိုင်းအချိန်၌ လုပ်ပွဲကစားရန် ကမ်းလှမ်းခံခဲ့ရသည်ဟု ဖွင့်ဟ ပြောကြားလိုက်သည်။

BBC နှင့် BuzzFeed News တို့က ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း တင်းနစ်သမား ၅၀ ထဲမှ ၁၆ ဦးမှာ လုပ်ပွဲများတွင် ပါဝင်ခဲ့သည်ဟု တင်းနစ်အဖွဲ့တစ်ခုဖြစ်သော TIU မှ သတင်းများ ရရှိခဲ့သော်လည်း ကစားသမားများအကြားတွင် သံသယဖြစ်ဖွယ်ကောင်းသော လုပ်ရပ်များအား စောင့်ကြည့်မှုမရှိခဲ့ဘဲ၊ မည်သည့် ပြစ်ဒဏ်မှ ချမှတ်ခဲ့ခြင်းလည်းမရှိဟု ဖော်ပြခဲ့သည်။

သြစတေးလျအိုးပင်း အဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားမှ ချန်ဟေယုံကို အနိုင်ရရှိခဲ့သည့် ဂျိုကိုဗစ်ကမူ ထိုသတင်းများကို လက်မခံခဲ့သော်လည်း ၂၀၀၇ ခုနှစ် ရုရှားတင်းနစ်ပြိုင်ပွဲတစ်ခုတွင် ပထမအဆင့်၌ အရှုံပေးရန် ကန်ဒေါ်လာ ၂ သိန်းဖြင့် ကမ်းလှမ်းခံရဖူးကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်ကို တိုက်ရိုက်ချဉ်းကပ်တာတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော်နဲ့အလုပ်လုပ်နေတဲ့ သူတွေကနေတစ်ဆင့် ချဉ်းကပ်တာပါ။ တကယ်တော့ သူတို့ ချက်ခြင်းပဲ ငြင်းခဲ့ပါတယ်။ ကျွန်တော့်ဆီတောင် မရောက်လိုက်ပါဘူး။ ကျွန်တော့်ကိုပြောဖို့ ကြိုးစားတဲ့သူက ကျွန်တော့်ဆီကို တိုက်ရိုက် မရောက်ခဲ့ပါဘူး။ ဘာမှလည်း မဖြစ်ခဲ့ပါဘူး” ဟု ဂျိုကိုဗစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် ၇ နှစ်၊ ၈ နှစ်အတွင်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး မကြားရခဲ့ရဘဲ၊ မိမိကိုလည်း ချဉ်းကပ်မှုမရှိခဲ့ကြောင်း၊ ထို့ကြောင့် မည်သည့်မှ ပြောစရာမရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

လုပ်ပွဲကစားသည်ဟု စွပ်စွဲခံရသူများတွင် ဂရင်းစလင်းဆုဖလားကို ရရှိဖူးသူများလည်း ပါဝင်ပြီး ၎င်းတို့မှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရနေသည်ဟု BBC နှင့် BuzzFeed News တို့က ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ပြင် ၎င်းတို့ထဲမှ ၈ ဦးမှာ ယခု သြစတေးလျအိုးပင်းတွင် ကစားနေသည်ဟု ဆိုသည်။

၂၀၀၇ ATP စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ စုံစမ်းစစ်ဆေးသူများက လုပ်ပွဲများကစားခဲ့သည်ဟု ယူဆထားသော ပွဲများအတွက် ရုရှား၊ အီတလီမြောက်ပိုင်းနှင့် စစ္စလီကျွန်းများတွင် ဒေါ်လာသန်းနှင့်ချီ၍ လောင်းကြေးများရှိခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုအထဲမှ ၃ ပွဲမှာ ၀င်ဘယ်လ်ဒန်ပွဲများဖြစ်ကြောင်း အဆိုပါသတင်းဌာနများက ထည့်သွင်းဖော်ပြခဲ့သည်။

သို့သော်လည်း တင်းနစ်အာဏာပိုင်များကမူ ထိုသတင်းများကို ငြင်းဆိုခဲ့သည်။

Ref: Aljazeera



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top