29 September 2016

ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးသူ မာလီတိုက်ခိုက်ရေးသမားကို ICC က ထောင်ချ

12:16 am - By Unknown 0

စက်တင်ဘာ ၂၈၊ ၂၀၁၆
M-Media

mali

– ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မာလီပဋိပက္ခအတွင်း တင်ဘက်ကူရှိ အထွဋ်အမြတ်ထားရာ နေရာများနှင့် သမိုင်းဝင်နေရာများကို ဖျက်ဆီးခဲ့သည့် မာလီတိုက်ခိုက်ရေးသမားတစ်ဦးကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ထောင်ဒဏ် ၉ နှစ် ချမှလိုက်သည်ဟု သိရသည်။

အဟ်မဒ် အလ်-ဖာကီ အလ်-မဟ်ဒီဖြစ်ပြီး ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်ဖြစ်ကာ ယဉ်ကျေးမှုအမွေအနှစ်များ ဖျက်ဆီးမှုအတွက် ICC ၏ ပြစ်ဒဏ်ချမှတ်မှုကို ပထမဆုံး ခံခဲ့ရသူလည်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ထိုသမိုင်းဝင် ဆုံးဖြတ်ချက်က ကမ္ဘာ့ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရေးအတွက် သတင်းစကားတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်နေသည်။

“ထိန်းသိမ်းစောင့်ရှောက်ရမယ့် နေရာတွေနဲ့ ပတ်သက်ပြီး မစ္စတာ အလ်-မဟ်ဒီ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဟာ စစ်ရာဇ၀တ်မှု ဖြစ်တယ်ဆိုတာ ခုံအဖွဲ့က တစ်ညီတစ်ညွတ်တည်း တွေ့ရှိခဲ့ပါတယ်” ဟု တရားသူကြီး ရာအူးလ် ပန်ဂါလန်ဂန်က ပြောကြားခဲ့သည်။

သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် ကြားနာမှုအတွင်း အလ်-မဟ်ဒီက ၎င်း၏ ထိုလုပ်ရပ်များအတွက် ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့ပြီး မိမိအနေဖြင့် တင်ဘက်ကူကို အချိန်အနည်းငယ်ကြာ သိမ်းပိုက်ခဲ့သည့် အလ်ကိုင်းဒါးနှင့် Ansar Dine လက်နက်ကိုင်အဖွဲ့များ၏ သွေးဆောင်မှုကို ခံခဲ့ရကြောင်း၊ ကျန်မွတ်စလင်များအနေဖြင့် မိမိကဲ့သို့ လိုက်မလုပ်ရန် တိုက်တွန်းပါကြောင်း
ပြောကြားခဲ့သည်။

Ref : Aljazeera

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top