4 July 2016

အကြမ်းဖက်မှုတွေ အရေးယူ တားဆီးပေးဖို့ အစ္စလာမ်အဖွဲ့ချူပ်မှ သမ္မတထံစာပို့ တောင်းဆို

2:12 am - By Unknown 0

ဇူလိုင် ၃ ၊ ၂၀၁၆
M-Media
သီဟ
.
ဘာသာရေးနှင့် ဆက်နွယ်သည့် ဆူပူအကြမ်းဖက်မှုများကို အချိန်မှီ အရေးယူတားဆီး ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သမ္မတ ဦးထင်ကျော်ထံသို့ စာရေးပြီး တောင်းဆိုလိုက်ပါတယ်။
.
၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး မတ်လ ၃၁ ရက်နေ့တွင် တရားဝင် အာဏာ လွှဲပြောင်းရယူခဲ့သည့် NLD အစိုးရ လက်ထက် (၃)လအတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေး ဆက်နွယ်သည့် သွေးထိုး လှုံ့ဆော်မှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှု ဖြစ်စဉ်များအား အဆိုပါ စာတွင် ထည့်သွင်းရေးသားဖော်ပြထားပြီး ဖြစ်စဉ် တခုခြင်းစီအတွက် တာဝန်ရှိသူ အုပ်ချူပ်ရေး အာဏာပိုင်များကို ဆက်သွယ် အကြောင်းပြီး ဥပဒေအရ အရေးယူ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ သို့ပေမယ့် ဖြေရှင်းပေးခဲ့ခြင်း မရှိသည်ကို စာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
.
ဘာသာရေးကို အခြေခံသည့် ဆူပူ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာခြင်း မရှိအောင် သွေးထိုးလှုံ့ဆော်နေသူများ၊ ဆူပူအကြမ်းဖက်မှုများမှာ ပါဝင်ကျူးလွန်သူများကို အစိုးရအနေနဲ့ လစ်လျူ မရှုဘဲ တရားဥပဒေအရ အရေးယူပေးဖို့နဲ့ ကြိုတင်ကာကွယ်စီမံ မှုများ ဆောင်ရွက်ပေးဖို့ သမ္မတထံလိပ်မူပြီး ရေးသားတောင်းဆိုထားပါတယ်။


13528890_591329301031035_8946329821338063608_n

13512161_591329314364367_4753800975309710748_n  13590320_591329347697697_8808052257505298288_n 13600054_591329364364362_1669054979119418381_n

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top