10 November 2014

လူလတ်ပိုင်းများတွင် အူမကြီး ကင်ဆာ ဖြစ်ပွားနှုန်း လာမည့် ၁၀ စုနှစ်အတွင်း ၂ ဆခန့် တိုးလာနိုင်

10:17 pm - By Unknown 0

နိုဝင်ဘာ ၁၀၊ ၂၀၁၄
M-Media
skynews.img.600.372.jpeg;pvf795d9f09f03654e
– အသက် ၃၄ နှစ်အောက် လူများတွင် အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ လာမည့် ၁၅ နှစ်အတွင်း ၂ ဆခန့် တက်လာမည်ဖြစ်ပြီး အဆိုပါ ရောဂါအား မည်ကဲ့သို့ တွန်းလှန်ရမည် ဆိုခြင်းအတွက် စိုးရိမ်မှုများ တိုးလာစေသည်ဟု သုတေသန ပညာရှင်များက ပြောကြားလိုက်သည်။

ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားခြင်းနှင့် လူနေမှုဘ၀ ပြောင်းလဲခြင်း စသည့် အချက်များမှာ အူမကြီးကင်ဆာဖြစ်ပွားမှု တိုးပွားလာခြင်း၏ အကြောင်းအရင်းများ ဖြစ်သည်။ အသက် ၅၀ ကျော်အရွယ်များတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှုမှာ စနစ်တကျ စောင့်ကြည့်ခြင်းနှင့် ပုံမှန် မှန်ပြောင်းသွင်း စစ်ဆေးမှုတို့ကြောင့် လျော့ကျလာခဲ့သည်ဟု အမေရိကန် ခွဲစိတ်ကုသမှုဆိုင်ရာ ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၃၀ ခုနှစ်သို့ ရောက်ရှိလာသည့်အချိန်တွင် အူမကြီးကင်ဆာဖြစ်ပွားသူ ၁၀ ဦးလျှင် ၁ ဦးနှင့်အထက်၊ စအို ကင်ဆာ ဖြစ်ပွားသူ လေးဦးတွင် ၁ ဦးခန့်မှာ အသက် ၅၀ အောက် အရွယ် ဖြစ်လာမည်ဟု တက္ကဆက်တက္ကသိုလ် MD Anderson ကင်ဆာ စင်တာမှ ပြုလုပ်ခဲ့သည့် သုတေသနများအရ သိရှိရသည်။

အဆိုပါရောဂါ ဖြစ်ပွားမှု တိုးပွားလာခြင်းမှာ အ၀လွန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ပြီး အနောက်တိုင်း အစားအစာ များကလည်း အူမကြီးကင်ဆာ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း အူမကြီးကင်ဆာဖြစ်ပွားသူ အရေအတွက်မှာ ၁၃၇၀၀၀ ရှိပြီး ၅၀၀၀၀ ကျော်မှာ အဆိုပါရောဂါကြောင့် သေဆုံးရမည်ဟု တွက်ချက်မှုများအရ သိရသည်။ အူမကြီးကင်ဆာမှာ ကမ္ဘာပေါ်တွင် တတိယ အဖြစ်များဆုံး ကင်ဆာရောဂါ တစ်ခုဖြစ်ပြီး ကင်ဆာကြောင့် သေဆုံးမှုတွင်လည်း တတိယ သေဆုံးမှု အများဆုံး ရောဂါဖြစ်သည်။

 

ref_ – AFP/nd



M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top