3 November 2017

လူမည်းများအပေါ် ခွဲခြားစော်ကားမှုဖြင့် အမေရိကန်ရဲအရာရှိတစ်ဦး တရားစွဲခံရ

8:40 am - By Unknown 0

နိုဝင်ဘာ ၂၊ ၂၀၁၇
M-Media

width=602

– လူမည်းများအား IS နှင့် နှိုင်းယှဉ်ကာ အားလုံးကို သတ်ပစ်ချင်သည်ဟု ပြောကြားခဲ့သည့် ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးကို အမေရိကန်အစိုးရက တရားစွဲဆိုထားသည်ဟု သိရသည်။

နယူးဂျာဆီပြည်နယ် ဘိုဒန်တောင်းမြို့နယ်ရဲစခန်းမှ အသက် ၆၀ အရွယ် စခန်းမှူး ဖရမ့် နူဆီရာ ဂျေအာရ်ဖြစ်ပြီး အမုန်းရာဇ၀တ်မှု၊ နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်မှု စသည့်စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည်။

အမှုတွဲတွင် နူဆီရာမှာ အာဖရိကန်-အမေရိကန် သံသယရှိသူတစ်ဦး၏ ခေါင်းကိုကိုင်ကာ တံခါးစောင်းဖြင့် စောင့်ခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခဲ့ကြောင်း၊ လူမျိုးရေးခွဲခြားသည့်စကားများ၊ အမုန်းစကားများကိုလည်း ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသတွင်းသတင်းစာ The Trentonian က နူဆီရာမှာ ဇန်န၀ါရီလက မည်သည့်အကြောင်းအရင်းမှန်း တိတိကျကျ မသိရဘဲ အနားယူသွားသည်ဟု ဖော်ပြခဲ့သည်။

လက်အောက်အရာရှိတစ်ယောက်ကို ပြောကြားသည့်စကားတွင် နူဆီရာက အာဖရိကန်-အမေရိကန်များကို IS အကြမ်းဖက်သမားများနှင့် နှိုင်းယှဉ်ခဲ့ပြီး ၎င်းတို့မှာ တန်ဖိုးမရှိကြောင်း၊ အားလုံးကို တန်းစီရပ်ခိုင်းကာ လက်ဖြောင့်တပ်ဖွဲ့ဖြင့် သတ်ပစ်ချင်သည်ဟု ပြောကြားခဲ့ကြောင်း အမှုတွဲတွင် ထည့်သွင်း ဖော်ပြထားသည်။

နူဆီရာမှာ ယမန်နေ့တွင် တရားရုံးသို့ လာရောက် ကြားနာခဲ့ပြီး နောက်ပိုင်းတွင် ကန်ဒေါ်လာ ၅ သိန်း အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

နူဆီရာအပေါ် ပြုလုပ်ထားသည့် စွဲချက်များတွင် လူမည်းများအား ရဲခွေးများဖြင့် ခြောက်လှန့်ခြင်းလည်း ပါဝင်ပြီး အမည်မဖော်လိုသည့် လုပ်ဖောက်ကိုင်ဖက်တစ်ဦးက နူဆီရာမှာ သံသယရှိသူများက ၎င်းအား လက်တုန့်မပြန်နိုင်စေရန် အင်အား အလွန်အကျွံအသုံးပြုခဲ့မှုများ ရှိနေကာ စွဲချက်တွင် ထိုကိစ္စ မပါဝင်ဟု ထောက်ပြခဲ့သည်။

လက်ယာစွန်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ရက်ရက်စက်စက် တုန့်ပြန်ရန်နှင့် အင်အားအလွန်အကျွံအသုံးပြုရန် ရဲတပ်ဖွဲ့ဝင်များအား ပြောကြားထားသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် စောင့်ကြည့်အဖွဲ့များ၏ ဝေဖန်မှုများ ရှိနေချိန်တွင် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။

Ref: Aljazeera

 



The post လူမည်းများအပေါ် ခွဲခြားစော်ကားမှုဖြင့် အမေရိကန်ရဲအရာရှိတစ်ဦး တရားစွဲခံရ appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top