21 October 2017

မလေးရှားဆောက်လုပ်ရေးတစ်ခုတွင် မြေပြိုပြီး နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံး

10:40 pm - By Unknown 0

အောက်တိုဘာ ၂၁၊ ၂၀၁၇
M-Media

width=625

– မလေးရှားနိုင်ငံ ပီနန်ပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုမှုကြောင့် မြန်မာတစ်ဦးအပါအ၀င် နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

မြို့တော် ဂျော့ဂ်ျတောင်းက ၄၉ ထပ် ကွန်ဒို ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဒီနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေကြီးထဲမြုပ်နေသူ ၁၅ ဦးကနေ ၂၀ လောက်အထိ ရှိပါတယ်။

ပီနန်မီးသတ်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြိုကျတဲ့မြေရဲ့ လျှောစောက်ဟာ ၁၀ မီတာလောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီအထိ အသက်ရှင်သူ ၂ ဦးသာ ရှိသေးပြီး ပီနန်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား ၂ ဦးနဲ့ မြန်မာ ၁ ဦးတို့ရဲ့ အလောင်းတွေကို ရရှိထားပြီး မြေကြီးအောက် နစ်မြုပ်နေသူ အများစုဟာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ရိုဟင်ဂျာတွေလို့ ယုံကြည်ရပြီး မလေးလူမျိုး အလုပ်သမားခေါင်းတစ်ယောက်လည်း ပါဝင်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ပြိုကျတဲ့မြေထုဟာ တော်တော်ကြီးတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ခက်ခဲနေပြီး ပျောက်ဆုံးနေသူတွေဟာ အသက်ရှင်ဖို့ အလားအလာနည်းတယ်လို့ ဆိုပါတယ်။

Ref: CNA



The post မလေးရှားဆောက်လုပ်ရေးတစ်ခုတွင် မြေပြိုပြီး နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံး appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top