5 July 2016

မဒီနာတွင် အသေခံဗုံးခွဲမှုဖြစ်ပွား၊ IS လက်ချက်ဖြစ်နိုင်

12:12 pm - By Unknown 0

ဇူလိုင် ၅၊ ၂၀၁၆
M-Media

madina

– အစ္စလာမ်သာသနာတွင် ဒုတိယအမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်ဟု သတ်မှတ်ခြင်းခံထားရသည့် မဒီနာမှ တမန်တော်မြတ်ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။

ယမန်နေ့ညတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂျစ်ဒါနှင့် ကွာတစ်ဖ်တို့အပြီး တစ်နေ့တည်းတွင် ဆော်ဒီနိုင်ငံအတွင်း တတိယမြောက် ပေါက်ကွဲမှုလည်းဖြစ်သည်။ ၀န်ကြီးဌာန၏ Twitter စာမျက်နှာမှတစ်ဆင့် ကြေငြာချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အသေခံဗုံးခွဲသမားကို ဗလီဝတ်ကျောင်းတော်အတွင်း မ၀င်ရောက်နိုင်အောင် တားဆီးရာတွင် ၎င်းက ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဗုံးခွဲမှုဖြစ်ပွားချိန်တွင် ဗလီဝတ်ကျောင်းတော်အတွင်း ဘုရားဖူးထောင်ပေါင်းများစွာရှိနေပြီး မည်သူမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ပေ။

မဒီနာတွင် ထိုကဲ့သို့ ဗုံးပေါက်ကွဲပြီး တစ်ချိန်တည်းမှာပင် နိုင်ငံအရှေ့ပိုင်း ကွာတစ်ဖ်မြို့ရှိ ဗလီဝတ်ကျောင်းတော်အနီးတွင်လည်း ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ မျက်မြင်သက်သေများ၏အဆိုအရ အသေခံဗုံးခွဲသမားတစ်ဦးမှာ အဆိုပါ ရှီယိုက် ဗလီဝတ်ကျောင်းတော်၏ အပြင်ဘက်တွင် မိမိကိုယ်ကို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်းမရှိသေးဘဲ၊ ပြီးခဲ့သည့်လများအတွင်း ထိုကဲ့သို့ အသေခံဗုံးခွဲမှုများကို IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့သည့်မှတ်တမ်းများ ရှိနေသည်။

Ref: Aljazeera

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top