7 May 2017

အမေရိကန်၏ ‘ဗုံးတို့၏မိခင်’ ကို ပုပ်ရဟန်းမင်းကြီးဝေဖန်

6:16 pm - By Unknown 0

မေ ၇၊ ၂၀၁၇
M-Media

width=524

– အမေရိကန်လက်နက်တိုက်တွင် နျူလက်နက်မဟုတ်သည့် အကြီးမားဆုံးဗုံးကြီးကို ‘ဗုံးတို့၏ မိခင်’ ဟု အမည်ပေးထားမှုအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝေဖန်လိုက်သည်။

“ဒီနာမည်ကို ကြားတာနဲ့တင် ရှက်ရပါတယ်။ မိခင်ဆိုတာ အသက်ကို မွေးဖွားပေးတာပါ။ ဒီ ဗုံးကြီးက သေခြင်းတရားကို ပေးတာဖြစ်ပါတယ်။ ဒီပစ္စည်းကို ကျွန်တော်တို့က မိခင်လို့ခေါ်တယ်။ ဘာတွေဖြစ်နေကြတာလဲ” ဟု ပုပ်ရဟန်းမင်းကြီးက ယမန်နေ့တွင် ဗာတီကန်၌ ကျောင်းသားများအား ပြောကြားခဲ့သ
ည်။

အလေးချိန် ကီလိုဂရမ် ၉၈၀၀ ရှိသည့် အဆိုပါ ဗုံးကြီးကို ပြီးခဲ့သည့်လအတွင်း အမေရိကန်က အာဖဂန်နစ္စတန် နန်ဂါဟာ ပြည်နယ်ရှိ IS စစ်သွေးကြွများအပေါ် ကြဲချခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ်က အဆိုပါ ဗုံးမှာ IS က အသုံးပြုနေသည့် လှိုဏ်ခေါင်းကွန်ယက်ကို ပစ်မှတ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။

ဗုံး၏ အမည်မှာ GBU-43/B Massive Ordnance Air Blast Bomb (MOAB) ဖြစ်ပြီး ‘ဗုံးတို့၏မိခင်’ ဟုသာ လူသိများသည်။ ထိုဗုံးကို ၂၀၀၃ ခုနှစ်တွင် စမ်းသပ်ခဲ့သော်လည်း ပြီးခဲ့သည့်လမတိုင်ခင် မည်သည့်စစ်ပွဲတွင်မှ အသုံးပြုခြင်း မရှိခဲ့ပေ။

ပုပ်ရဟန်းမင်းကြီးမှာ မေလ ၂၄ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ရှိနေစဉ် ယခုမှတ်ချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

Ref: BBC



The post အမေရိကန်၏ ‘ဗုံးတို့၏မိခင်’ ကို ပုပ်ရဟန်းမင်းကြီးဝေဖန် appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top