15 November 2014

MH 17 ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချခဲ့တာလား?

10:36 pm - By Unknown 0

နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
M-Media
mh17shotdownlogo2014new
– ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ယူကရိန်းပိုင်နက်မှာ ပျက်ကျသွားခဲ့တဲ့ မလေးရှားခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်း တိုက်လေယာဉ်တစ်စင်းရဲ့ ဒုံးကျည်နဲ့ ပစ်ခံမှုကို ခံခဲ့ရတယ်လို့ ယူဆရမယ့် ဂြိုဟ်တု ဓာတ်ပုံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီ ဂြိုဟ်တုဓာတ်ပုံကို ရုရှားနိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယူကရိန်းက သူပုန်တွေရဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်ကြောင့် MH 17 ပျက်ကျသွားတာမဟုတ်ဘဲ ယူကရိန်း တိုက်လေယာဉ်ရဲ့ ဒုံးကျည်နဲ့ ပစ်ချခဲ့တာကြောင့် ပျက်ကျခဲ့တဲ့ အထောက်အထားအဖြစ် ဒီဓာတ်ပုံကို ဖော်ပြခဲ့တာပါ။

ဗြိတိန် ဒါမှမဟုတ် အမေရိကန်ဂြိုဟ်တုက ရိုက်ထားတယ်လို့ ယူဆရတဲ့ အဲဒီဓာတ်ပုံဟာ လျှို့ဝှက် ပေါက်ကြားလာတာဖြစ်ပြီး တိုက်လေယာဉ်တစ်စီးက MH 17 ရဲ့ ခါးလည်ကို ဒုံးကျည်နဲ့ ပစ်ခတ်နေတဲ့ ပုံဖြစ်ပါတယ်။

သတင်းကြေညာသူကတော့ ဒီဓာတ်ပုံကို အမည်မဖော်နိုင်တဲ့ သတင်းရင်းမြစ်တစ်ခုကနေ “Mig 29 တိုက်လေယာဉ်က ဘိုးအင်း ခရီးသည်တင်လေယာဉ်ကို ဖျက်ဆီးပုံ” ဆိုတဲ့ အမည်နဲ့ ရရှိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့တဲ့အဆိုပါ လေယာဉ်ပျက်ကျမှုဟာ ယူကရိန်းက ခွဲထွက်ရေးသမားတွေကို ရုရှားက ပေးထားတဲ့ မြေပြင်က ဝေဟင်ပစ် BUK ဒုံးကျည်ကြောင့်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပြောကြားထားပြီး ရုရှားကတော့ ပျက်ကျချိန်မှာ MH 17 လေယာဉ်အနီး အမည်မသိလေယာဉ်တစ်စင်းကို တွေ့ရှိခဲ့ရတယ်လို့ ယခင်ကတည်းက ပြောကြားခဲ့ပါတယ်။

အခုနောက်ဆုံး ရုရှားမီဒီယာတွေက ဖော်ပြခဲ့တဲ့ ဒီဂြိုဟ်တုဓာတ်ပုံနဲ့ ပတ်သက်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ဘာမှတုန့်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ref_ Mirror



M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top