28 June 2014

ဖျက်ဆီးခံရသည့် မွတ်စလင်တို့၏ အဆောက်အအုံများ ပြန်ဆောက်ရန် ဘတ်ဂျက် ဒေါ်လာ (၁.၅)သန်း သီရိလင်္ကာ အစိုးရထုတ်ပေး

9:47 pm - By Unknown 0

ဇွန်လ ၂၈ ရက်၊ ၂၀၁၄

M-Media
Sri Lanka deploys 700 army to rebuild homes, shops damaged in communal clashes

- ပြီးခဲ့သည့် သီတင်းပတ်က သီရီလင်္ကာတောင်ပိုင်း အလုသ်ဂါမာနှင့် ဘီရူဝါလာမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး အခြေခံသော တိုက်ခိုက်မှုများတွင် ပျက်ဆီးသွားခဲ့သော အဆောက်အဦးများအား ပြန်လည်ဆောက်လုပ်ပေးရန် စစ်သား ၇၀၀ ကျော်ကို အစိုးရက ယနေ့တွင် တပ်ဖြန့်ချထားခဲ့သည်ဟု သိရသည်။


သဘောထား တင်းမာသည့် ဗုဒ္ဓဘာသာအဖွဲ့ BBS က ထိုဒေသတွင် လူမျိုးရေး တိုက်ခိုက်သော ဟောပြောမှုများကို ပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်များ၊ ဗလီဝတ် ကျောင်းတော်များနှင့် ဆိုင်ခန်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထိုကဲ့သို့ မီးရှို့မှုများတွင် ဘုန်းကြီးများလည်း ပါဝင်ခဲ့သည်။


အခြေအနေ တည်ငြိမ်စေရန် အတွက် အစိုးရက သုံးရက်ဆက်တိုက် ကာဖျူး အမိန့်ထုတ်ခဲ့ရပြီး ထိုပြဿနာအား သီရိလင်္ကာအစိုးရ၏ ကိုင်တွယ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်ရှုတ်ချခဲ့သည်။ သမ္မတ မာဟင်ဒါ ရာဂျာပါ့က်ဆာကမူ ထိုပြဿနာအား ဆောင်ရွက်သူများကို ဥပဒေအရ အရေးယူမည်ဟု ကတိပြုထားသည်။


ပျက်ဆီးသွားသည့် အဆောက်အဦးများ ပြန်လည် ဆောက်လုပ်ရန်အတွက် ရူပီး သန်း ၂၀၀ (ကန်ဒေါ်လာ ၁.၅ သန်း) ကို အစိုးရက ယမန်နေ့တွင် ထုတ်ပေးခဲ့ပြီး ဆောက်လုပ်ရေလုပ်ငန်းများအတွက် စစ်တပ်အား တာဝန်ပေးထားသည်။


ဘာသာရေးကိုအခြေခံပြီး အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများမှာ သီရိလင်္ကာနိုင်ငံတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး အစိုးရကမူ ပြတ်ပြတ်သားသား ကိုင်တွယ်ခြင်းမရှိပေ။


ဆင်ဟွာ



ဖျက်ဆီးခံရသည့် မွတ်စလင်တို့၏ အဆောက်အအုံများ ပြန်ဆောက်ရန် ဘတ်ဂျက် ဒေါ်လာ (၁.၅)သန်း သီရိလင်္ကာ အစိုးရထုတ်ပေး

Tags:
M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top