ဒီဇင်ဘာ ၁၅၊ ၂၀၁၆
M-Media
– တော်လှန်ရေးလှုပ်ရှားမှု၊ ပါလက်စတိုင်းပြည်သူများ၊ အဖွဲ့များ၏ ရုန်းကန်ကြိုးစားမှုများဖြင့်သာ ပါလက်စတိုင်းမှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုလက်မှ လွတ်မြောက်မည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။
အစ္စလာမ့်မစ် ဂျီဟတ် လှုပ်ရှားမှုခေါင်းဆောင် ရမဒန် အဘ်ဒူလာ ဆာလာဟ်နှင့် ယမန်နေ့က မြို့တော် တီဟီရန်၌ တွေ့ဆုံစဉ် ခါမေနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယုံကြည်ချက်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို အခြေခံသည့် ပါလက်စတိုင်းတို့၏ နိုးကြားမှုများကိုလည်းကို ချီးကျူးခဲ့သည်။
“မြင့်မြတ်တဲ့မြို့တော် အလ်-ကွဒ်စ် လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လုံလစိုက်မှုနဲ့ တော်လှန်ရေးလှုပ်ရှားမှုပါပဲ။ အခြားနည်းလမ်းတွေက အသုံးဝင်မှာ မဟုတ်သလို အချည်းအနှီးဖြစ်မှာပါ” ဟု ခါမေနီက ပြောကြားခဲ့သည်။
အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းလူငယ်များမှာ အရေးပါသော အကြောင်းအရင်းတစ်ခု ဖြစ်နေပြီး အစ္စရေးအစိုးရမှာ နောက်ထပ် ၂၅ နှစ်အတွင်း ပြိုလဲသွားမည်ဟု အီရန်အဓိပတိက မှတ်ချက်ပြုခဲ့သည်။
“အရင်က ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ – ပါလက်စတိုင်း ပြည်သူတွေနဲ့ မွတ်စလင်တွေက ဇီယွန်ဝါဒီတွေကို စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်ကြမယ်ဆိုရင် ဇီယွန်အစိုးရဟာ နောက်ထပ် ၂၅ နှစ်အတွင်းမှာ ပျောက်ကွယ်သွားပါလိမ့်မယ်”
ထို့ပြင် မိမိတို့ အီရန်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများ၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ အမေရိကန်နှင့် မဟာမိတ်များကြောင့်သာဖြစ်ပြီး ဘာသာရေးပြဿနာ၊ စွန်နီ-ရှီအာ ပြဿနာမဟုတ်ကြောင်း ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။
“အဲလစ်ပို၊ မူဆိုးလ်နဲ့ အခြားမြို့တွေက ဆွန်နီတွေကလည်း IS ရာဇ၀တ်ကောင်တွေရဲ့ သတ်ဖြတ်မှုကို ခံနေရတာပါပဲ။ ဒါ့ကြောင့် ဒီပြဿနာတွေဟာ ဆွန်နီနဲ့ ဒါမှမဟုတ် ရှီအာနဲ့ ဘာမှကို မဆိုင်ပါဘူး”
Ref: PressTV
Related Posts
- အစ္စရေး၏ ပါလက်စတိုင်းကို သိမ်းပိုက်မှုတစ်ဆင့်တက် (Nov 15, 2016)
- ရာဇာအာရာဖတ်အား လုပ်ကြံသူကို မိမိသိသည်ဟု ပါလက်စတိုင်းသမ္မတပြော (Nov 12, 2016)
- ဓားဖြင့်တိုက်ခိုက်သည်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်မှု မရပ်သေး (Nov 10, 2016)
- ပါလက်စတိုင်းပိုင်နက်များဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို စင်ကာပူ ခန့်အပ် (Nov 9, 2016)
- ပါလက်စတိုင်းနိုင်ငံပျောက်မှုအတွက် ဗြိတိန်က တောင်းပန်ရေး လှုပ်ရှားမှု စတင် (Nov 3, 2016)
- အမေရိကန်က အစ္စရေးကို ထောက်ပံ့ခြင်းမှာ ပါလက်စတိုင်းပြည်သူကို သတ်ခြင်းဟု သံတမန်ဟောင်းပြော (Nov 1, 2016)
- ကျူးကျော်နေထိုင်သည့် ဂျူးတစ်ဦးက ပါလက်စတိုင်းမိသားစုကို ကားဖြင့်တိုက်သတ် (Oct 27, 2016)
- ဂါဇာရှိ ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှုကို လုံးဝ ချေမှုန်းမည်ဟု အစ္စရေးခြိမ်းခြောက် (Oct 25, 2016)
- ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု (Oct 14, 2016)
- ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွက် ကုလက အထူးအစည်းအဝေး ကျင်းပမည် (Oct 11, 2016)
0 comments:
Note: only a member of this blog may post a comment.