3 August 2015

အိုဇေးလ်မှာ ယခုနှစ်တွင် ပိုကောင်းလာမည်ဟု ၀င်းဂါးပြော

10:39 am - By Unknown 0

သြဂုတ် ၂၊ ၂၀၁၅
M-Media

ozil

– အသင်းရှိ ဂျာမန်အလယ်တန်းလူ မီဆု အိုဇေးလ်မှာ ပို၍ တောင့်တင်းလာသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပြီး ယခုရာသီတွင် တောက်ပမည့် ကြယ်ပွင့်များထဲမှ တစ်ပွင့်ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၂ နှစ်အရင် ရီးယဲလ်မှ ကလပ်စံချိန်တွင် ပြောင်းရွှေ့ကြေး ယူရို ၄၂.၅ သန်းဖြင့် ရောက်ရှိလာပြီးကတည်းက အိုဇေးလ်မှာ ၎င်း၏ စွမ်းဆောင်ရည်များအတွက် ချီးကျူးမှုများကို ခံခဲ့ရသလို၊ ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။

သို့သော်လည်း ၀င်းဂါးကမူ လာမည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် အိုဇေးလ်ထံမှ ၎င်း၏ ပုံမှန် ဖန်တီးမှုဖြစ်သော ဖြတ်တင်ဘောများနှင့် လှုပ်ရှားမှုကို တွေ့မြင်ရခြင်းအပြင် ဂိုးများလည်း သွင်းနိုင်မည်ဟု မျှော်လင့်နေသည်။

“အရင်ကထက် ပွဲကို မောင်းနှင်ဖို့ လုပ်ပိုင်ခွင့် ပိုလာတယ်ဆိုတာကို သူက ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ သူ့ရဲ့ ဖြတ်တင်ဘောစွမ်းရည်ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ကစားပုံကို မာကျောစေဖို့ ထပ်ပြီးဖြစ်လာတဲ့ အခြေအနေပါပဲ။၂၀၁၅-၁၆ ဘောလုံးရာသီမှာ သူဟာ ကြီးကျယ်တဲ့ ကစားသမားတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၀င်းဂါးက အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ထို့ပြင် အိုဇေးလ်မှာ ပွဲတစ်ပွဲ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ကစားပြီး၊ ဂိုးများသွင်းခြင်းဖြင့် အသင်းအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် ၎င်းမှာ ရာသီအကြိုပြင်ဆင်မှု အားနည်းခဲ့ပြီး ယခုအချိန်တွင် အင်္ဂလန်၌ ပိုမို၍ အခြေကျခဲ့ပြီဖြစ်ကြောင်း ၀င်းဂါးက
ထည့်သွင်းပြောကြားခဲ့သည်။

Ref: Goal



M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top