23 January 2017

ဆရာကြီး ဦးရာဇတ် (၁၁၉)နှစ်မြောက်မွေးနေ့ အမှတ်တရ စကားဝိုင်း

11:17 am - By Unknown 0

ဇန်နဝါရီ ၂၁၊ ၂၀၁၇
သတင်း-MRTV
width=960.
မန္တလေးတက္ကသိုလ်ကြီးဖြစ်မြောက်အောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ဆရာကြီး ဦးရာဇတ်အကြောင်းကို နှောင်းလူများသိရှိစေဖို့ ရည်ရွယ်ပြီး ဇန်န္န၀ါရီလ (၂၀)ရက်နေ့မှာ ကျရောက်တဲ့ ဆရာကြီးရဲ့ (၁၁၉)နှစ်မြောက်မွေးနေ့ အမှတ်တရအဖြစ် ဆရာကြီးဦးရာဇတ် အကြောင်းသိကောင်းစရာ အမေးအဖြေကဏ္ဍ နှင့် စာစီစာကုံးဆုပေးပွဲအခမ်းအနားကို ဇန်န္န၀ါရီလ (၂၀)ရက်နေ့မနက်က မန္တလေးမြို့ရှိ Mandalay Community Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆရာကြီးကို အောင့်မေ့ သတိရတဲ့အနေနှင့် ဆရာကြီးရဲ့မွေးနေ့မှာ အင်္ဂလိပ်စာစာစီစာကုံးဆုရရှိသူ (၅)ဦးကို ဆုချီးမြှင့်ပေးခဲ့သလို မန္တလေး တက္ကသိုလ်ကျောင်းသားဟောင်းကြီးများဖြစ်တဲ့ စာရေးဆရာဆူးငှက် ၊မြန်မာစာဆရာကြီး ဦးတင်မြင့် ၊ ဆရာကြီး ဦးနေ၀င်း (ဓာတုဗေဒ)တို့က ဆရာကြီးအကြောင်းကို မျိုးဆက်သစ်လူငယ်များ အားကျအတူယူတတ်စေဖို့ ပြန်ပြောင်း တမ်းတပြောဆိုခဲ့ကြပါတယ်။



ဆရာကြီး ဦးရာဇတ် ဟာ
-မဟာဝိသုတာရာမကျောင်းတိုက် ဓမ္မာရုံစာကြည့်တိုက် အသင်းဥက္ကဋ္ဌ၊
-ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ကြီး၊
-အပျော်တမ်းရဲတပ် ဗိုလ်ချုပ်၊
-ကျောင်းသားတွေကို အမျိုးသားရေးနဲ့ မျိုးချစ်စိတ်သွင်းပေးသူ၊
-ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ချစ်ကြည်ရေးတည်ဆောက်ပေးခဲ့သူ၊
-နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်ကွန်ဂရက် ဥက္ကဋ္ဌ၊
-မန္တလေးခရိုင်ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊
-မန္တလေးတက္ကသိုလ်ကြီး တည်ထောင်သူ၊
-ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့အစိုး ရအဖွဲ့မှာ ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီး၊
-အမျိုးသားခေါင်းဆောင် အာဇာနည်တဦး
အဖြစ်တိုင်းပြည်နဲ့ လူမျိုးအကျိုးသယ်ပိုးခဲ့သူ တစ်ဦးဖြစ်ပါတယ်။



The post ဆရာကြီး ဦးရာဇတ် (၁၁၉)နှစ်မြောက်မွေးနေ့ အမှတ်တရ စကားဝိုင်း appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top